Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

The Way တော်လှန်ရုပ်ရှင်ဇာတ်ကား ဩဂုတ်လကုန်မှာ ကြည့်ရတော့မယ်

ဒီဇာတ်ကားဟာ လင်းလင်းက ဒါရိုက်တာအနေနဲ့ ရိုက်ကူးတဲ့ ဒုတိယဇာတ်ကားဖြစ်ပြီး ပထမဆုံးရိုက်ကူးထားတဲ့ စမှတ် ရုပ်ရှင်ကလည်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကနေ ဆုတွေရထားပါတယ်။

The Way တော်လှန်ရုပ်ရှင်ဇာတ်ကား ဩဂုတ်လကုန်မှာ ကြည့်ရတော့မယ်

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရထားတဲ့ တော်လှန်ရုပ်ရှင် The Way ဇာတ်ကားကို ဩဂုတ်လကုန်မှာ စတင်ပြသတော့မှာပါ။

ဒီဇာတ်ကားရဲ့ Official Trailer ကိုတော့ The Way ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့တင်ထားခဲ့ပါတယ်။

“အားလုံးနီးပါးဟာ အခုမှသိတယ်၊သွားမယ့် ဘူတာတူတယ်၊ဒီလိုနဲ့ ဝိုင်းဝန်းကြိုးစား ဖန်တီးကြတယ်။ဒီလောက်ပါဘဲ။ကျကွဲသွားတဲ့ ‘ဉာဏ်ပန်းသေ’ လေးတွေလို ထွေထွေထူးထူး သောက်ကြီးသောက်ကျယ်တွေ ပြောဖို့ ဘာမှမရှိပါဘူး။”လို့ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ဇာတ်လမ်းဇာတ်ညွှန်း ဒါရိုက်တာ လင်းလင်းက ရေးသားထားပါတယ်။

ဒီရုပ်ရှင်ကို ဖုန်းနှစ်လုံးတည်းနဲ့ ရိုက်ခဲ့တာဖြစ်ပြီး Musical အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားပြသမယ့် ရက်အတိအကျကို တော့ ထုတ်ပြန်ထားခြင်းမရှိသေးပဲ The Way ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ အသိပေးသွားမယ်လို့ ကြေညာထားပါတယ်။

ဒီဇာတ်ကားမှာ အောင်မြင့်မြတ် ၊ ချစ်သုဝေ၊ မြတ်နိုးအေးတို့နဲ့အတူ တော်လှန်ပြည်သူတွေပါဝင်သရုပ်ဆောင်ထားတာပါ။

“အခု ပြည်ပ တော်လှန်လူထုတွေထံသို့ လိုက်လံပြသပါမယ်။ရရှိတော်လှန်ငွေတွေဟာ စစ်ရှောင်ဘိုးဘွား မိသားစုများနဲ့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ပညာရေး၊ ပြန်လည်ထူထောင်ရေးများသို့ အရင်းမချန် အကုန်ရောက်ရှိမှာဖြစ်ပါတယ်။”လို့ လင်းလင်းက အသိပေးထားပါတယ်။

The Way ရုပ်ရှင်က Festigious နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုသုံးဆုရခဲ့သလို World Film Carnival Singapore ရုပ်ရှင်ပွဲတော်မှာလည်း ဆုတွေရရှိထားပါတယ်။

ဒီဇာတ်ကားဟာ လင်းလင်းက ဒါရိုက်တာအနေနဲ့ ရိုက်ကူးတဲ့ ဒုတိယဇာတ်ကားဖြစ်ပြီး ပထမဆုံးရိုက်ကူးထားတဲ့ စမှတ် ရုပ်ရှင်ကလည်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကနေ ဆုတွေရထားပါတယ်။