Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်မြို့နယ်ရှိ စစ်ရှောင်များနေထိုင်သည့် ရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

ယမန်နေ့ (မေလ ၉ရက်)က မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်မှ ကျေးရွာ နှစ်ရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

(မင်းတပ်မြို့နယ်တနေရာတွင် မေလ ၉ ရက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Salai Naing Hung)

▪️အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုရှိဟုဆို

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ နေထိုင်သည့် ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ၍ အရပ်သားပြည်သူအချို့ထိခိုက်မှုရှိပြီး နေအိမ်မီးလောင်ပျက်စီးမှုများရှိကြောင်း ဒေသခံ သတင်းရင်းမြစ် တစ်ဦးက အသိပေးထားသည်။

ယမန်နေ့ (မေလ ၉ရက်)က မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်မှ ကျေးရွာ နှစ်ရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြသည်။

(မင်းတပ်မြို့နယ်တနေရာတွင် မေလ ၉ ရက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Salai Naing Hung)
(မင်းတပ်မြို့နယ်တနေရာတွင် မေလ ၉ ရက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – Salai Naing Hung)

“စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ကျေးရွာ နှစ်ရွာကို တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်သောကြောင့် ပြည်သူ့နေအိမ်အချို့ မီးလောင်ပျက်စီးပြီးပြည်သူ အချို့ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကြားသိရပါတယ်” ဟု ဒေသခံက ဆိုသည်။ တိုက်ခိုက်ခံရသည့် ကျေးရွာအမည်များကို ဖော်ပြမထားသော်လည်း နေအိမ်ပျက်စီးမှု အခြေအနေပြ ဓာတ်ပုံမှတ်တမ်းများကို ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမှု နှင့်ပတ်သက်ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနှင့် မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)တို့က ယနေ့ နံနက်ပိုင်းအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

(မင်းတပ်မြို့နယ်တနေရာတွင် မေလ ၉ ရက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Salai Naing Hung)
(မင်းတပ်မြို့နယ်တနေရာတွင် မေလ ၉ ရက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – Salai Naing Hung)

The Mindat Post ၏ လက်နက်ကြီးပေါက်ကွဲမှု ဖြစ်စဉ်ဖော်ပြချက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၄)ရှိ ကျေးရွာအချို့၌ ပေါက်ကွဲမှုဖြစ်ပြီးနေအိမ် သုံးလုံးထက်မနည်း မီးလောင်ကာ လူထိခိုက်မှုရှိသည်ဟု ပါရှိသည်။ စစ်ကောင်စီတပ်သည် မေလ ၇ရက်ကတည်းက မင်းတပ်မြောက်ဘက်ခြမ်းသို့ လက်နက်ကြီးများ ပစ်ခတ်နေကြောင်းလည်း ဖော်ပြသည်။

လက်နက်ကြီးပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ထံသို့ ဆက်သွယ်ရာ၌လည်း အဆက်အသွယ်မရသေးပေ။ သို့ရာတွင် စစ်ကောင်စီတပ်က မင်းတပ်နယ်ကို လေကြောင်းမှ ကင်းထောက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဆလိုင်းဟာအွမ်က ပြီးခဲ့သည့် ရက်ပိုင်းကပြောကြားထားသည်။

(မင်းတပ်မြို့နယ်တနေရာတွင် မေလ ၉ ရက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Salai Naing Hung)
(မင်းတပ်မြို့နယ်တနေရာတွင် မေလ ၉ ရက် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – Salai Naing Hung)

မင်းတပ် CDF ၏ မေလ ၄ရက်ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ ဆက်လုပ်လာနိုင်၍ မင်းတပ်မြို့နယ် တိုက်နယ် (၄)ချီချောင်းတလျှောက် ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသည်။