Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်မြို့​ရောက် စစ်တပ်နှင့်ပျူပူး​ပေါင်းစစ်​ကြောင်းကို PDF များတိုက်ခိုက်

အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ယနေ့အောက်တိုဘာလ ၂၅ရက်နံနက် ၇နာရီခန့်တွင်တန့်တည်မြို့လမ်းဆုံ စျေးသစ်အနီး၌PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တန့်ဆည် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-တန့်ဆည်PDF)
(တန့်ဆည် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-တန့်ဆည်PDF)

▪︎စစ်​ကောင်စီတပ်ကတန့်ဆည်မြို့လမ်းဆုံကိုပိတ်ထား၍ ခရီးသည်တင်ကားနှင့် ကုန်ကားများ​ရောက်သည့်​နေရာရပ်ထားရန် PDF များသတိ​ပေး

တန့်ဆည်မြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် နှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီ နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ယနေ့အောက်တိုဘာလ ၂၅ရက်နံနက် ၇နာရီခန့်တွင်တန့်တည်မြို့လမ်းဆုံ စျေးသစ်အနီး၌PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” မိုင်းဆွဲတာ ထိတယ်။ နှစ်ယောက်သေတယ်ကြားတယ်။ သူတို့ ပြန်ဆုတ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်စီတပ်သည်စျေးသစ်အနီးရှိ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံများ၏နေအိမ်အချို့နှင့်စာသင်ကျောင်းအချို့ကို မွှေနှောက်ပြီး မီးရှို့ ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ထိုအပြင် ယနေ့ ညနေတွင် စစ်ကောင်စီတပ်က တန့်ဆည်မြို့ လမ်းဆုံကိုပိတ်ထားသောကြောင့် ခရီးသည်တင်ကားများနှင့် ကုန်ကားများ ရောက်သည့်နေရာရပ်တန့်ထားပေးကြရန် PDFများကသတိပေးထားသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်က ထွေအုပ်ရုံး၊ လဝကရုံးနှင့် ယင်းနေရာအနီးရှိ ဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် ၂၃ ဉီး သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက​ပြောသည်။ တိုက်ပွဲအတွင်း ရွှေဘိုခရိုင်တပ်ရင်း(၆)မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ လေးဦးဒဏ်ရာရခဲ့သည်။

တိုက်ခိုက်ခံရပြီး​နောက် စစ်ကောင်စီတပ်က ထွေအုပ်ရုံး၊လဝကရုံး နှင့် ဒေါင်းမင်းဆီဆိုင်တို့၌ မနေတော့ဘဲ ရဲစခန်း၊ ဘောလုံးကွင်းနှင့် ‌စာသင်ကျောင်းများ၌သာ တပ်စွဲနေထိုင်ခဲ့သည်။ ယခုအခါ တန့်ဆည်မြို့ပေါ်သို့ တကျော့ပြန်ဝင်လာခြင်းဖြစ်ပြီး စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံများ ဘေးလွတ်ရာထွက်‌ေပြးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။