Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️KIO ဖွဲ့စည်းတည်ထောင်ခြင်းနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ သဝဏ်လွှာပို့

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ ဒီနေ့ အောက်တိုဘာ ၂၅ ရက်မှာ ကျရောက်တဲ့ (၆၃)နှစ် မြောက် KIO ဖွဲ့စည်းတည်ထောင်ခြင်းနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ခဲ့ပြီး လွတ်မြောက်ရေး ကြိုးပမ်းမှုအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြတဲ့ ကချင်တိုင်းရင်းသားများအားလုံးအတွက် ဦးညွှတ်အလေးပြုကြောင်း ဖော်ပြပါတယ် ကချင်လူမျိုးများနဲ့ ကချင်ပြည်နယ် လွတ်မြောက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် စွမ်းစွမ်းတမံဖော်ဆောင်ကြိုးပမ်းဖို့ ရည်ရွယ်ချက်ဖြင့် KIOကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

အကြမ်းဖက်စစ်အာဏာသိမ်းမှုများကြောင့် ရည်မှန်းချက်များ ဖျက်ဆီးခံရတဲ့အတွက် KIOဟာ ဘုံရန်သူဖြစ်တဲ့ အာဏာသိမ်းစစ်တပ်ကို အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲပြီး ရှေ့တန်းမှ တက်တက်ကြွကြွ ဦးဆောင်တော်လှန်တိုက်ခိုက်နေတယ်လို့ NUG က ဖော်ပြပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

▪️ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ စစ်ကောင်စီကို ခုခံစစ်ဆင်တိုက်ပွဲများလုပ်ဆောင်ခဲ့ရဟု KIA စစ်ဦးစီးချုပ်ပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ရည်ရွယ်ချက်ဖြင့် နမ့်ဆန်ယန်ဂွင်အတွင်းသို့ စစ်ကောင်စီတပ်များ အခြေပြုနိုင်ဖို့ အင်အားတိုးချဲ့လှုပ်ရှားလာခဲ့မှုအပေါ် ခုခံစစ်ဆင်ခဲ့ရတယ်လို့ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွန်းက ပြောပါတယ်။

KIA ဌာနချုပ် လိုင်ဌာအနီး နမ့်ဆန်ယန်ဒေသရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်)(KNA-Burma) တပ်ဖွဲ့များထံ KIA စစ်ဦးစီးချုပ်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပေးပို့တဲ့ စာမှာ ဖော်ပြအသိပေးခဲ့တာပါ။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးတိုက်ပွဲမှာ အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့လည်း ထပ်မံတိုက်တွန်းတယ်လို့ KIA စစ်ဦးစီးချုပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ - Gunmaw Sumlut/FB)
(အောင်ဂျာစခန်းသိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းကုန်းအား ဒုဗိုလ်ချုပ်ကြီးဂွန်မော် သွားရောက်ကြည့်ရှု့စဉ်တွေ့ရစဉ်။ ဓာတ်ပုံ – Gunmaw Sumlut/FB)

▪️အောင်ဂျာစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအင်အား ရာနှင့်ချီ ချေမှုန်းနိုင်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး နမ့်ဆန်ယန်ဒေသရှိ အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းမှာ အရေးကြီးပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်အင်အားရာချီ ချေမှုန်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ PDFတပ်မတော်ပါဝင်ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်များရဲ့ အားနှင့်ရယူခဲ့တဲ့ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်း ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲများအတွင်း လက်နက်ကြီး၊ငယ် PDFတစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင် ရလိမ့်မယ်လို့ စစ်ဒေသမှူးက ကာကွယ်ရေးဝန်ကြီးကို အသိပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

▪️မင်းတပ်မြို့ပေါ် CDFနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ မနေ့ညပိုင်းက မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ မင်းတပ်မြို့ မိခင်ကလေးရုံးနားရှိ M-1 အဆောက်အအုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ မင်းတပ်CDFလက်အောက်ခံဗိုလ်ငရဲအဖွဲ့တို့ ၁၅ မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံးမှုကို မသိရသေးပေမယ့် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ စစ်ကောင်စီတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

▪️တန့်ဆည်နယ် စစ်​အုပ်စု စစ်ကြောင်းထိုးလာလို့ ​ဒေသခံပြည်သူများထွက်​ပြေးတိမ်း​ရှောင်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်မှအရာရှိအချို့အပါအဝင် ၂၀ ​ကျော် သေဆုံးခဲ့တဲ့ တိုက်ပွဲအပြီး တစ်လခန့်အကြာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်း ပြန်ဝင်လာလို့ ဒေသခံများ ဘေးလွတ်ရာထွက်‌​ပြေးတိမ်းရှောင်နေကြရတယ်လို့ ​ဒေသခံအချို့က ပြောပါတယ်။ တန့်ဆည်မြို့နယ်၊ ကာဘိုးဆည်ဘက်သို့ မနေ့ မနက်ပိုင်းကစလို့ ‌ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်လာခြင်းဖြစ်ပြီး ပျူတွေက ပိုမိုများကြားကာ လမ်းတလျှောက်ရှိ ဒေသခံတွေကို ဘေးလွတ်ရာ တိမ်းရှောင်ခိုင်းထားရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

▪️ဘုတလင်နယ် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦးကျဆုံး၊ စာသင်ကျောင်းနဲ့ ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ယုန်လှေးကုန်းကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးပြီး ကျေးရွာရှိ စာသင်ကျောင်းနဲ့ ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဘုတလင်မြို့ပေါ်မှ လာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ယုန်လှေးကုန်းကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး ကျေးရွာတွင်းရှိ တိုက်နယ်(၈)မှ ပကဖရဲဘော်တစ်ဦးက စတင်ပစ်ခတ်ရာမှ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တဲ့ ကျည်ထိမှန်ကျဆုံးခဲ့တာလို့ ရွာဇော်ကြီး-တော်လှန်အသံအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ပကဖရဲဘော်များရဲ့ ဆိုင်ကယ် ၆ စီးကို ‌ ​ကျေးရွာစာသင်ကျောင်းအတွင်း မီးပုံရှို့ခဲ့တာကြောင့် စာသင်ဆောင်ပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

(ပြီးခဲ့သည့် ဧပြီလဆန်းက ယုန်လှေးကုန်းရွာရှိ နေအိမ်အချို့အား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ - ရွာဇော်ကြီး)
(ပြီးခဲ့သည့် ဧပြီလဆန်းက ယုန်လှေးကုန်းရွာရှိ နေအိမ်အချို့အား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ – ရွာဇော်ကြီး)

▪️စဥ့်ကူးမှာ တစ်ပတ်အတွင်း စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး နှစ်ဦးအသတ်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး နှစ်ဦး အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက စဥ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသက် (၆၀)ခန့်အရွယ် ဦးဗေဒါဆိုသူကို လူတစ်စုက လာရောက်သတ်ဖြတ်သွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ၎င်းဟာ ကျေးရွာတွင်းမှာ ပျူစောထီးသင်တန်းတက်ဖို့ လူစုဆောင်းခြင်း၊ စစ်တပ်ကို သတင်းပေးခြင်း၊ ကျွန်းပေါ်ရွာများ မီးရှို့ဖျက်ဆီးဖို့ စစ်တပ်လမ်းပြခေါ်ဆောင်လာခြင်း စတဲ့လုပ်ရပ်များကြောင့် ပစ်ခတ်ရှင်းလင်းခံရတာဖြစ်နိုင်တယ်လို့ ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)က ဆိုပါတယ်။ အောက်တိုဘာ ၁၇ ရက်ကလည်း ငှက်စားကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။