Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၂၆ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️MNDAAနဲ့ စစ်ကောင်စီ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်

ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ MNDAAက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မန်တုံပဒေသတိုက်ပွဲမှာ MNDAA ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်ရဲ့ ထိခိုက်ကျဆုံး အခြေအနေကို မသိရဘူးလို့ ဖော်ပြပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ်ဖြင့် ချင်းရွှေဟော်ဒေသ တာကြာမိန်နေရာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAAက အသိပေးပါတယ်။။ ဒါ့အပြင် တိုက်ပွဲမရှိတဲ့ ဒေသမှာလည်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်လို့ အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

▪️ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှူး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ် တပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့နယ်မှာ အောက်တိုဘာ ၂၄ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ခြေမြန်တပ်ရင်း ခမရ ၂၀၇ ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးငြိမ်းချမ်းကိုကို အပါအဝင် ၁၁ ဦး အသေအပျောက်ရှိခဲ့တာလို့ KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင်( ကော့ကရိတ်)က ထုတ်ပြန်တာပါ။ တိုက်ပွဲဟာ ကော့ကရိတ်မြို့နယ်အရှေ့ခြမ်း ဆင်ကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KNU တပ်မဟာ ၆ လက်အောက်ခံတပ်တွေ အကြား ဖြစ်ပွားခဲ့တာပါ။

▪️ဖားကန့် နမ္မဖြစ်မှော်ရှိ စစ်ကောင်စီစခန်းကို KIAပူးပေါင်းတပ် တိုက်ခိုက်မီးရှို့

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ ညပိုင်းက ဖားကန့်မြို့နယ် နမ္မဖြစ်မှော်ရှိ မြန်မာသူရ ​ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲစခန်းချထားတဲ့ စစ်ကောင်စီတပ်ကို KIAနဲ့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုရှိခဲ့ကာ စခန်းကို စွန့်ခွာသွားတာကြောင့် မီးရှို့ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KIA)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘေယ်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – KIA)

▪️မိုးဗြဲမြို့ပေါ် စစ်ကောင်စီတပ် ထောင်ထားတဲ့ နင်းမိုင်း အလုံး ၃၀ ရှင်းလင်း

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့နင်းမိုင်း အလုံး ၃၀ ကို ရှင်းလင်းခဲ့ရတယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူက ပြောပါတယ်။ မိုးဗြဲမြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ ပူးပေါင်းကာ မိုင်းရှင်းလင်းရေးဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းရှင်းလင်းရေးလုပ်ငန်းကို အောက်တိုဘာ၂၃ ရက်မှ၂၅ ရက်အထိ သုံးရက်လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ် ထောင်ထားတဲ့ ၁၄/၁၆ အမျိုးအစားနင်းမိုင်း စုစုပေါင်းအလုံး ၃၀ ကိုရှင်းလင်းရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

(ရှင်းလင်းရရှိသော မိုင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ရှင်းလင်းရရှိသော မိုင်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – မိုးဗြဲ PDF)

▪️ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက သစ်ပုတ်တာဝါတိုင်စခန်းမှတဆင့် အင်အား ၂၄ ဦးဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို စမ်းမအိုင်ကျေးရွာအရောက်မှာ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃) တပ်ခွဲမှူးလင်းယုန်ဦးဆောင်ကာ တပ်ခွဲအားလုံးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ – ပေးပို့)

▪️ဆားလင်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦး ပစ်ခတ်ခံရပြီး ငါးဦးသေဆုံး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ဒီနေ့ မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး သေနတ်တစ်လက်နဲ့ ကျည်ဆန်များ သိမ်းယူနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း -၂၈(ဓါးမဆိုင်းတပ်မတော်)တာဝန်ခံက ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။ ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးဟာ အရပ်ဝတ်ဖြင့် ချင်းတွင်းမြစ်ဆိပ်သို့ ထွက်ခွာလာစဉ် ဓါးမဆိုင်းတပ်မတော်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီထံမှ G3 သေနတ် တစ်လက်နဲ့ ကျည် ခုနစ်တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

▪️ပေါက်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူအချို့ကို လမ်းပြခေါ်ဆောင်ပြီးနောက် နှစ်ဦးကို သတ်ဖြတ်

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူအချို့ကို လမ်းပြခေါ်ဆောင်ပြီးနောက် နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းက မြိုင်မြို့နယ်၊ အိုင်းမကျေးရွာမှ စစ်ကြောင်းသုံးကြောင်းဖြင့် ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်း ရောက်ရှိစစ်ကြောင်းထိုးစဥ် အမျိုးသား ၆ ဦးကို ဖမ်းဆီးကာ လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံများက ပြောပါတယ်။ အဲဒီ အမျိုးသား ၆ ဦးအနက် ရေခါးကျေးရွာမှ ဦးကျောက်ရွှေနဲ့ မန်ကျည်းဂုဏ်ကျေးရွာမှ ဦးသန်းငွေတို့ကို ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို့ သိရပါတယ်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်မြို့နယ်မှ ဒေသခံ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pauk Newsletter)
(ထွက်ပြေးတိမ်းရှောင်နေရသော ပေါက်မြို့နယ်မှ ဒေသခံ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Pauk Newsletter)