Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ရှိ အောင်သပြေစစ်ကြောရေးရဲဝင်းနှင့် မြဝတီဘဏ်တို့ တိုက်ခိုက်ခံရ

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ ကင်းလှည့်နေသော စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ ကင်းလှည့်နေသော စစ်ကောင်စီလက်ပါးစေရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အောင်သပြေစစ်ကြောရေးရဲတပ်ဖွဲ့ဝင်းနှင့် တောင်ဥက္ကလာမြို့နယ်ရှိ မြဝတီဘဏ်တို့ကို အဝေးထိန်းမိုင်းဖြင့် ယနေ့ (အောက်တိုဘာ ၂၆) ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့ည ၇ နာရီခန့်နှင့် ၇ နာရီခွဲကျော်တို့တွင် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်း အဝင်ဂိတ်ပေါက်ဝရှိ ဘန်ကာနှင့် အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာမြို့နယ်ရှိ မြဝတီဘဏ်တို့ကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ပြောသည်။

ပျူစောထီးများ စစ်သင်တန်းပေးနေသည့် အောင်သပြေရဲဝင်း အဝင်ဂိတ်ပေါက်ဝ ဘန်ကာကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ရာ တစ်လုံးသာ ပေါက်ကွဲပြီး တစ်လုံးမှာ ချို့ယွင်းချက်ဖြစ်၍ မပေါက်ကွဲခဲ့ကြောင်း အနောက်ပိုင်းခရိုင်(ပကဖ)က ဆိုသည်။

“ည ၇ နာရီခွဲလောက်တုန်းက အုန်းဆိုတဲ့ အသံအကျယ်ကြီးတစ်ချက် ကြားလိုက်ရတယ်။ (၈)မိုင်တို့ ကျိုက်ဝိုင်းဘုရားဘက်တို့ကတောင် ကြားရတယ်။ အောင်သပြေရဲဝန်းထဲမှာ ဗုံးပေါက်တာလို့တော့ သိရတယ်။ စစ်ကားတွေရော ရဲဆိုင်ကယ်တွေရော ကျိုက်ဝိုင်းဘုရားဘက်မှ သမိုင်းလမ်းဆုံဘက်သွားနေတာ တွေ့နေရတယ်။ လူထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး။ အောင်သပြေခြံဝန်းတစ်ခုလုံးတော့ ပြာယာခတ်နေတယ်။ ပြည်သူတွေ အဲဒီ့ဘက်သွားတာရှောင်သင့်တယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တောင်ဥက္ကလာမြို့နယ် မြဝတီဘဏ်ကို တိုက်ခိုက်ခဲ့သော Mission တွင် ဘဏ်လုံခြုံရေးယူနေသော စစ်သားတစ်ဦး သေဆုံးပြီး အချို့ ထိခိုက်မှုရှိနိုင်ဟု ဆိုသည်။

“အောင်သပြေခြံဝန်းတစ်ခုလုံးပြာယာခတ်နေတယ်။ပြည်သူတွေ အဲဒီ့ဘက်သွားတာရှောင်သင့်တယ်”ဟု မရမ်းကုန်းမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။