Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကိုထိုးစစ်ဆင် တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေး (Operation 1027)ကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း ညီနောင်သုံးဖွဲ့ ကြေညာ

ယ‌နေ့ အောက်တိုဘာ၂၇ရက်မနက်အစောပိုင်းတွင် ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်းနေရာနှင်မြို့ပေါ်နေရာများကိုတစ်ပြိုင်တည်းထိုးစစ်ဆင်နေသည့်ညီနောင်သုံးဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)
(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)

▪︎စစ်အာဏာရှင်အမြစ်ဖြတ်ရေး အပါအဝင်ရည်ရွယ်ချက် ၇ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ဟုအသိပေး

စစ်ကောင်စီတပ်ကိုယ​နေ့မနက်မှစ၍ တိုက်ခိုက်​သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး) စစ်ဆင်ရေးကို ပူးပေါင်းဆင်နွှဲလိုက်ကြောင်း တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်သုံးဖွဲ့က ပူးတွဲထုတ်ပြန်လိုက်သည်။

ယ‌နေ့ အောက်တိုဘာ၂၇ရက်မနက်အစောပိုင်းတွင် ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်းနေရာနှင်မြို့ပေါ်နေရာများကိုတစ်ပြိုင်တည်းထိုးစစ်ဆင်နေသည့်ညီနောင်သုံးဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)
(​မြောက်ပိုင်းမဟာမိတ် ညီ​နောင် သုံးဖွဲ့ မှ တပ်ဖွဲ့ဝင် သုံးဦး။ ဓါတ်ပုံ-The Kokang)

ညီနောင်မဟာမိတ်သုံးဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေး ၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့ အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိရေး၊ မြန်မာပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်- မြန်မာ နယ်စပ် အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game(ကျဖျင်)ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နင်းနိုင်ရေး ရည်ရွယ်ချက်များဖြင့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး)ကို အတူတကွ ဟန်ချက်ညီ ပူးပေါင်း ဆင်နွှဲလိုက်ကြောင်း ဖော်ပြထားသည်။

ယနေ့မနက်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်းနေရာအချို့ကိုသိမ်းပိုက်ထားနိုင်ပြီးစစ်ကောင်စီတပ်အများအပြားသေဆုံးထိခိုက်ကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိထားကြောင်းကချင်သတင်းရင်းမြစ်ကပြောသည်။

ယနေ့စစ်ဆင်ရေးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပါမြောက်ပိုင်းညီနောင်များနှင်အတူပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်အချို့ကပြောကြားသည်။

Public Service Announcement

Public Service Announcement