Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၃)နှင့် တပ်မဟာ(၅)နယ်စပ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ယမန်နေ့ (အောက်တိုဘာ ၂၅ရက်) နံနက်ပိုင်းက လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃) ညောင်လေးပင်ခရိုင် နှင့် တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်နယ်စပ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ခုနစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ ၂၅ရက်) နံနက်ပိုင်းက လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် သုံးစင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ခေါလိုကလိုးကျေးရွာအား ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်၊ တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် တစ်ကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူအချို့၏ နေအိမ်များ ပျက်စီးမှုနှင့် ကျေးရွာကျန်းမာရေးအတွက် ထားရှိသည့် ဆေးဝါးများ ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် ကွီးလားကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်မှု တစ်ကြိမ်၊ တိုက်လေယာဉ်ပါ စက်သေနတ်ဖြင့် နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် ဆောထိ(ရွှေကျင်)မြို့နယ် အတွင်းရှိ တကက်ပူကျေးရွာနှင့် နယ်စပ်ရှိ ဘော်ကော်ကျေးရွာကို တစ်ကြိမ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမရှိသော်လည်း ဒေသတွင်းကျေးရွာများမှ လူဦးရေ ၁,၅၀၀ နီးပါး ထိတ်လန့်ကြောက်ရွံ့ကြပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဖော်ပြသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်ရှိ ဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ပစ်ခတ်တိုက်ခိုက်ခြင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၅ရက်အထိ လေကြောင်း တိုက်ခိုက်မှု ၂၅ကြိမ် ရှိခဲ့သည်ဟု KNUက အသိပေးထားသည်။