Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့ (နိုဝင်ဘာ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️စစ်ကောင်စီ​ရဲ့ ခလရ(၁၄၃)တပ်ရင်းတစ်ခုလုံး ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချအလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့ ခလရ(၁၄၃)တပ်ရင်း တစ်ခုလုံး ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချအလင်းဝင်လာတယ််လို့ ကိုးကန့်တပ်မတော်(MNDAA)က ဒီနေ့ မနက်မှာ အသိပေးထုတ်ပြန်ပါတယ်။ ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသမှာ အခြေချတပ်ထိုင်တဲ့ ခလရ (၁၄၃)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးဟာ လက်နက်ချအလင်းဝင်လာခဲ့ပြီး ဒု-တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ခွဲမှူးနှစ်ဦးပါဝင်တယ်လို့ အသိပေးပါတယ်။ စစ်ရေးပစ္စည်းများ၊ လက်နက်ခဲယမ်းများကိုလည်း တပ်စခန်းတွင် ထားရှိခဲ့ပြီး ဆုတ်ခွာသွားကြပြီး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို တစ်ဦးလျှင် လမ်းစရိတ်အဖြစ် ကျပ် ၁၅ သိန်း(စုစုပေါင်းကျပ်သိန်း ၇၀၀ ကျော်) ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ MNDAAက ဖော်ပြပါတယ်။

(MNDAA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAA ထံ အလင်းဝင်လာသည့် ပြည်သူ့စစ်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ – MNDAA)

▪️စစ်ရေးဆိုင်ရာနယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ထုတ်မည်ဟု UWSA ကြေညာ

ကိုးကန့်ဒေသတိုက်ပွဲများနဲ့ပတ်သက်ပြီး လေကြောင်း၊ ကြည်းကြောင်းမှ စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုများရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမယ်လို့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA)က ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ အဲဒီထုတ်ပြန်ချက်ကို ဒီနေ့ ထုတ်ပြန်ခဲ့တာလို့ UWSA တာဝန်ရှိသူက အတည်ပြုပြီး တရုတ်ဘာသာဖြင့် ရေးသားထားတာပါ။’၀’တပ်ဖွဲ့အနေဖြင့် ဘက်မလိုက်ရေးမူကို ကျင့်သုံးကြောင်း၊ ကိုးကန့်ဒေသတိုက်ပွဲတွေမှာ မည်သည့်ဘက်ကမှ ပါမည်မဟုတ်ကြောင်းနဲ့ ပဋိပက္ခအတွင်းပါဝင်နေသည့် အင်အားစုအသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဆွေးနွေးလုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။ အခု စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရက္ခိုင်(AA)တပ်များဟာ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ပါတယ်။

(၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) စစ်ရေးပြအခမ်းအနားပြုလုပ်နေစဥ်။ ဓာတ်ပုံ - CJ)
(၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) စစ်ရေးပြအခမ်းအနားပြုလုပ်နေစဥ်။ ဓာတ်ပုံ – CJ)

▪️စစ်ကောင်စီ​ရဲ့ ပြည်သူ့စစ်အဖွဲ့လိုက် အလင်းဝင်လာဟု MNDAA အသိပေး

စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်များ လက်နက်နှင့်အတူ အလင်းဝင်လာတယ်လို့ ကိုးကန့်တပ်မတော် (MNDAA)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ ဦး လက်နက် ၁၆ လက်နှင့်အတူ အလင်းဝင်လာတယ်လို့ တရုတ်ဘာသာဖြင့် ဖော်ပြပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ Operation 1027 ငါးရက််တာအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းလိုက် အလင်းဝင်လာတာရှိသလို ပြည်သူ့စစ်အဖွဲ့ကလည််း အလင်းဝင်လာတာရှိတယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။

▪️ဆုတ်ခွာစစ်ဆင်ဖို့ စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်များ စတင်ဖြန့်ဝေနေ

တပ်စခန်းများစီးနင်းတိုက်ခိုက်ခံရပြီး ခုခံဖို့မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင်ဖို့ စစ်ကောင်စီထောက်ခံ‌တဲ့ တယ်လီဂရန်ချန်နယ်များမှာ ဒီနေ့ စတင်ဖြန့်ဝေနေကြပါတယ်။ ဖြန့်ဝေရာမှာ မြေပြင်သတင်းမှန်များဖုံးကွယ်ပြီး သတင်းမှားများဖြင့် လှုံ့ဆော်နေတာတွေ့ရပါတယ်။ စခန်းများမှဆုတ်ခွာဖို့ လှုံ့ဆော်နေခြင်းဟာ ရှေ့တန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ​တော်လှန်​​ရေးအဖွဲ့များထံ လက်နက်ချအလင်းဝင်သွားမှာကို စိုးရိမ်လို့ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တပ်စခန်းများစီးနင်းခံရပြီး ခုခံရန်မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင်ရန် စစ်ကောင်စီထောက်ခံ‌သော တယ်လီဂရန်ချန်နယ်များ စတင်ဖြန့်ဝေနေ
တပ်စခန်းများစီးနင်းခံရပြီး ခုခံရန်မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင်ရန် စစ်ကောင်စီထောက်ခံ‌သော တယ်လီဂရန်ချန်နယ်များ စတင်ဖြန့်ဝေနေ

▪️ကွမ်းလုံမြို့နယ်မှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေဟု MNDAA ပြော

‘၁၀၂၇ စစ်ဆင်ရေး’ ၆ ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ မနက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။ ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်ဒေသရှိနေရာအများအပြားရှိ စစ်ကောင်စီတပ်များကို အောက်တိုဘာ ၂၇ မှ စတင်ပြီး MNDAA အပါအဝင် မဟာမိတ်တပ်များက တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိရာ ပြီးခဲ့တဲ့ ၅ ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၉၀ ကျော်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ်တပ်များက အသိပေးထားပါတယ်။ ဒီနေ့ ကွမ်းလုံဘက်က တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ဒီနေ့ နေ့ခင်းပိုင်းအထိ မသိိရသေးပါဘူး။

ကွမ်းလုံမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်နေဟု MNDAA ပြော
ကွမ်းလုံမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်နေဟု MNDAA ပြော

▪️စစ်​​ကောင်စီအတွက် အဓိက​ငွေရှာ​ပေး​နေတဲ့ MOGE ကို အ​မေရိကန် အရေးယူပိတ်ဆို့

အမေရိကန် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အဓိက ရင်းမြစ်တစ်ခုအဖြစ် ရပ်တည်ပေးနေတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု သတ်မှတ်ချက်တွေ ကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံရပ်ခြားစီးပွားရေးပိတ်ဆို့ အရေးယူမှု မူဝါဒတွေကို တာဝန်ယူကြီးကြပ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက MOGEနဲ့ ဆက်စပ်ပြီး အမေရိကန်ရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု တချို့ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင် ကန့်သတ်ပိတ်ဆို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ အစိုးရပိုင် MOGEအပေါ် အမေရိကန်က တိုက်ရိုက်ကျကျ ပစ်မှတ်ထား အရေးယူမှုမျိုး ပထမဆုံးအကြိမ် လုပ်ဆောင်လာခြင်းလည်း ဖြစ်ပါတယ်။ MOGEနဲ့ ချိတ်ဆက်မယ့် ချေးငွေ၊ ဘဏ်စာရင်း၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တခြား ငွေကြေး ဝန်ဆောင်မှု ကိစ္စတွေကို အမေရိကန်က ပစ်မှတ်ထား ပိတ်ဆို့အရေးယူသွားမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(အ​မေရီကန် ဘဏ္ဍာ​ရေးဝန်ကြီးဌာနထုတ်ပြန်ချက်နဲ့ အာဏာသိမ်းစစ်​ခေါင်း​ဆောင်)
(အ​မေရီကန် ဘဏ္ဍာ​ရေးဝန်ကြီးဌာနထုတ်ပြန်ချက်နဲ့ အာဏာသိမ်းစစ်​ခေါင်း​ဆောင်)

▪️စစ်တပ်အတွက် လက်နက်နဲ့ ငွေကြေးထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်​ ငါးဦးနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ဒဏ်ခတ်ပိတ်ဆို့

စစ်​ကောင်စီတပ်ကို လက်နက်တင်သွင်းပေးခြင်း နဲ့ ငွေကြေးထောက်ပံ့နေတဲံ ဦးတေဇသားနှစ်ဦးအပါအဝင် လူပုဂ္ဂိုလ်​ ငါးဦး နဲ့ စီးပွားရေးလုပ်ငန်းတစ်ခုတို့ကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့ ဗြိတိန်က ကြေညာလိုက်ပါတယ်။ စစ်​ကောင်စီအပေါ် ဖိအားများ တိုးမြှင့်လိုက်သည့်အနေဖြင့် စစ်တပ်လုံခြုံရေးတပ်ဖွဲများထံ ကန့်သတ်ကုန်ပစ္စည်းများ တင်သွင်းပေးနေတဲ့ လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနဲ့ စစ်တပ်အား ငွေကြေးထောက်ပံ့နေသူများကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို မနေ့က ထပ်မံချက်မှတ်လိုက်တာပါ။ ဒဏ်ခတ်ပိတ်ဆိို့ခံရသူတွေဟာ ထူးထက်တေဇ၊ ပြည့်ဖြိုးတေဇ၊ စစ်တိုင်းအောင်၊ ကျော်မင်းဦး၊ မျိုးသစ္စာ တို့ဖြစ်ပြီး International Group of Entrepreneur Services Company Limited (IGE)ကိုလည်း ပိတ်ဆို့အရေးယူခဲ့ပါတယ်။

▪️စစ်ကောင်စီအကြမ်းဖက်ဖိနှိပ်လေ ပြန်လည်အုံကြွတော်လှန်မှုများ ရင်ဆိုင်ရမည်ကို လက်ရှိ စစ်ရေး အခြေအနေက ဥပမာဖြစ်ဟု ABSDF ဥက္ကဋ္ဌ ပြော

လက်ရှိခေတ်ကာလမှာ လက်နက်ကိုင် အနိုင်ကျင့်ပြီး အာဏာကို မတရားရယူထားတဲ့ စစ်အာဏာရှင်များဟာ ပြည်တွင်းသာမက နိုင်ငံတကာ မျက်နှာစာမှာပါ ဘက်ပေါင်းစုံ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)-ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၃၅ နှစ်ပြည့် အခမ်းအနားသို့ ဥက္ကဋ္ဌ ရဲဘော်သံခဲက သဝဏ်လွှာပေးပို့ပြောကြားခဲ့တာပါ။ အချိန် သုံးနှစ်နီးပါး ကြာလာခဲ့ပေမယ့် ပြည်သူလူထုရဲ့ ဆန့်ကျင်တော်လှန်မှုတွေဟာ တစ်ရက်မှ ရပ်တန့်ခဲ့တာ မရှိဘဲ အကြမ်းမဖက်လှုပ်ရှားမှုမှသည် ရရာလက်နက်စွဲကိုင်တော်လှန်တဲ့အထိ ပုံစံမျိုးစုံနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြဆဲပဲလို့ ဆက်ပြောပါတယ်။ နောက်ပြီး စစ်အာဏာရှင်များ လေသံပစ်နေတဲ့ ရွေးကောက်ပွဲ၊ စစ်အာဏာရှင်က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးစကားပြောပွဲများကို အယုံအကြည်မရှိဘူးလို့လည်း ရဲဘော်သံခဲက ပြောပါတယ်။

စစ်ကောင်စီအကြမ်းဖက်ဖိနှိပ်လေ ပြန်လည်အုံကြွတော်လှန်မှုများရင်ဆိုင်ရမည်ကို လက်ရှိ စစ်ရေး အခြေအနေက ဥပမာ ဖြစ်ဟု ABSDF ဥက္ကဋ္ဌ ပြော
စစ်ကောင်စီအကြမ်းဖက်ဖိနှိပ်လေ ပြန်လည်အုံကြွတော်လှန်မှုများရင်ဆိုင်ရမည်ကို လက်ရှိ စစ်ရေး အခြေအနေက ဥပမာ ဖြစ်ဟု ABSDF ဥက္ကဋ္ဌ ပြော

▪️ငါန်းဇွန်နယ် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်တည်း သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိတယ်လို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာမှ ရေဆင်းကျေးရွာဘက်သို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ မနေ့က ထုတ််ပြန်ပါတယ်။ ဒါ့အပြင် ခေါင်းဘိုကျေးရွာမှ ထွက်လာတဲ့ စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ငါန်းဇွန်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ လက်ပံသာကျေးရွာသို့ထွက်လာတဲ့ စစ်ကြောင်းကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။