Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို စောစောစီးစီး လက်လျှော့လိုက်တဲ့ မိုက်ခ်ပန့်စ်

ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံး ရက်ပိုင်းတွေမှာတော့ ပန့်စ်နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို စောစောစီးစီး လက်လျှော့လိုက်တဲ့ မိုက်ခ်ပန့်စ်
ရွေးကောက်ပွဲဝင်မယ့် အစီအစဉ်ကို စောစောစီးစီး လက်လျှော့လိုက်တဲ့ မိုက်ခ်ပန့်စ်

အမေရိကန် ဒုတိယ သမ္မတဟောင်း မိုက်ခ်ပန့်စ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် အစီအစဉ်ကို လက်လျှော့လိုက်ပြီလို့ သိရပါတယ်။

ပန့်စ်ဟာ အမေရိကန် သမ္မတ(ဟောင်း) ဒေါ်နယ်လ်ထရမ့် လက်ထက်က ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သူပါ။ ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံး ရက်ပိုင်းတွေမှာတော့ ပန့်စ်နဲ့ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပန့်စ်ဟာ တစ်ချိန်က သူသစ္စာရှိခဲ့ဖူးတဲ့ သမ္မတဟောင်း ထရမ့်ရဲ့ နေရာမှာ အစားထိုး တာဝန်ယူပြီး ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ၂၀၂၄ ခုနှစ်၊ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း ရီပတ်ဘလစ်ကန် လုပ်ဖော်ကိုင်ဖက်တွေကို အစွမ်းကုန် စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။

ပြီးတော့ သူ့ရဲ့ သမ္မတနေရာ မဲဆွယ် လှုပ်ရှားမှုတွေအတွက် ဘဏ္ဍာရေး အကျပ်အတည်းတွေလည်း ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ အဖက်ဖက်က ကျပ်တည်းမှုတွေ ရှိလာတဲ့နောက် ပန့်စ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့ သူ့ရဲ့ ရည်မှန်းချက်ကို စောစောစီးစီးပဲ လက်လျှော့သွားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်က လက်စ်ဗီးဂက်စ်မှာ ပြုလုပ်တဲ့ ရီပတ်ဘလစ်ကန် ဂျူးလူမျိုးများ စုစည်းမှု အလှူရှင်များ ညီလာခံမှာ ပန့်စ်က သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် ပါတီထဲက သမ္မတ နေရာအတွက် မျှော်လင့်နေတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေထဲမှာ အစောဆုံး လက်လျှော့သွားသူအဖြစ် ပန့်စ်က မှတ်တမ်း ဝင်လာပါတယ်။ လောလောဆယ် အထိတော့ ၂၀၂၄ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ထရမ့်က ရေပန်း အစားဆုံးအနေနဲ့ ဆက်လက် ရပ်တည်နေပါတယ်။

ပန့်စ်က သူကိုယ်တိုင် ရွေးကောက်ပွဲ မဝင်တော့တဲ့ အချိန်မှာ ဘယ်သမ္မတလောင်းကို ထောက်ခံမလဲဆိုတာ ထုတ်ပြောမသွားပေမယ့် ထရမ့်ကိုတော့ မသိမသာ ထိုးနှက်သွားဟန် ရှိပါတယ်။ ရီပတ်ဘလစ်ကန် လုပ်ဖော်ကိုင်ဖက် အားလုံးကို သူတိုက်တွန်းချင်တာက ယဉ်ကျေးရည်မွန်တဲ့ ပုဂ္ဂိုလ် တစ်ဦးဦးက နိုင်ငံကို ဦးဆောင်ခွင့် ရလာအောင် ဝိုင်းဝန်း ကူညီပေးကြဖို့ ဖြစ်တယ်လို့ ပန့်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၆၄ နှစ်အရွယ် ပန့်စ်ဟာ ထရမ့်က အမေရိကန် ဖွဲ့စည်းပုံ ဥပဒေကို ဘောင်ကျော်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့ချိန်တွေမှာ ထရမ့်ကို စွန့်ခွာပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ရှေ့ဆက်ဖို့ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထရမ့်ကို အစွန်းရောက် ထောက်ခံတဲ့ အင်အားစုတွေက လုံးဝ ခွင့်မလွှတ်ခဲ့ကြဘဲ သစ္စာဖောက် တစ်ဦးအဖြစ် စွပ်စွဲ သတ်မှတ်ထားကြပါတယ်။ ထရမ့်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေကြောင်း အပြင်းအထန် စွပ်စွဲပြီး သူ့ရဲ့ အနိုင်ရမှုက ခိုးယူခံလိုက်ရတာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။