Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIO/KIA ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်

အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကန်တော်ယန်တပ်စခန်းကို KIA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လိုင်ဇာမြို့ကို လက်နက်ကြီးအပြင် လေကြောင်းမှတိုက်ခိုက်မှုလုပ်ဆောင်လာခြင်း ဖြစ်သည်။

(KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ တနေရာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Kachinnet)
(KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ တနေရာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Kachinnet)

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီးလူထိခိုက်မှု အချိုရှိသည်ဟု သတင်းရင်းမြစ် အချို့က အသိပေးသည်။

အောက်တိုဘာ ၃၁ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကန်တော်ယန်တပ်စခန်းကို KIA ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လိုင်ဇာမြို့ကို လက်နက်ကြီးအပြင် လေကြောင်းမှတိုက်ခိုက်မှုလုပ်ဆောင်လာခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ယနေ့(နိုဝင်ဘာ ၁ရက်)တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

နေ့လည် ၁နာရီမှာ တစ်ကြိမ်၊ ညနေ ၅နာရီခန့်တွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုရှိမရှိကို မသိရသေးပေ။

လေကြောင်း တိုက်ခိုက်မှုမလာရောက်မီ တရုတ်ဘက်က လေကြောင်းသတိပေး အချက်ပေးမှုများ ပြုလုပ်ခဲ့သည်ဟု လိုင်ဇာတွင်နေထိုင်သူအချို့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်မှုရှိမရှိ မသိရသေးသော်လည်း ယမန်နေ့ တိုက်ခိုက်မှုတွင် လူ သုံးဦးထိခိုက်ခဲ့ပြီး မစိုးရိမ်ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။