Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

လက်ယက်ကုန်းရွာကို ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ၁၆ ရက်ကလည်း လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းရှိ ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ၁၁ဦးသေဆုံးခဲ့သေးသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

လက်ယက်ကုန်းရွာနေ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် အခြား မိသားစုတစ်စုမှ သုံးဦးထိခိုက်ဒဏ်ရာရကာ တစ်ဦးမှာစိုးရိမ်ရကြောင်း ၎င်းအဖွဲ့က ပြောသည်။

“ရေဦးက စစ်သား ၂၀လောက်က ရေဦးကြာဖူးဝိုင်းကနေ လက်နက်ကြီးနဲ့ ရမ်းပစ်တာ။ လက်ယက်ကုန်းကျေးရွာထဲ လက်နက်ကြီးနှစ်လုံးကျတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Public Service Announcement