Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံဃာတော်များ​၏ကံဆောင်သပိတ် လမ်းပေါ်စတင်ထွက်လာ

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ယနေ့(ဇွန်လ ၂၇ ရက်) နေ့လယ် ၁၂ နာရီတွင် ပဲခူးမြို့ ၀င်းနိမ္မိတာရုံကျောင်းတိုက်မှ ဆရာတော်ကြီး၏ ဥတုဇရုပ် ကလပ်တော်အား ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင် မီးပူဇော်ပြီး အန္တိမအဂ္ဂိဈာပန ပြုလုပ်နေသည်။

(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ)
(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ)

▪️၂၀၀၇ ရွှေဝါရောင်အပြီး သံဃာတော်များ ပထမဆုံးအကြိမ် လမ်းပေါ်ထွက်လာခြင်းဖြစ်

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး ယနေ့(ဇွန်လ ၂၇ရက်)တွင် လမ်းပေါ်စတင် ထွက်လာခဲ့သည်။

သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်ကာ စစ်ကောင်စီတပ်နှင့် စစ်ခေါင်းဆောင်အား ကံဆောင်သပိတ်အဖြစ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအရေးအခင်းအပြီး ပထမဆုံးအကြိမ် လမ်းပေါ်ထွက်လာခြင်း ဖြစ်သည်။

(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ)
(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ – မြိုင် ပကဖ)

ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီက မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်အပါး ၁၀၀ကျော်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြခဲ့သည်။ ထို့အပြင် ပြည်သူများကလည်း လိုက်ပါဝန်းရံခဲ့ပြီး PDF ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သပိတ်ရှေ့​ဆုံး၌ သံဃာတော်နှစ်ပါးက ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ၏ ဓာတ်ပုံကိုင်ဆောင်ထားပြီး ဆရာတော်သံဃာတော်များသည် သာသနာ့အလံများအား လွှင့်ထူလာခဲ့သည်။”ဓမ္မန္တရာယ်စကစ ရဟန်းရှင်လူတို့ တိုက်ဖျက်ကြ”စာသားကိုလည်း ကိုင်ဆောင် ချီတက်ခဲ့သည်။

လက်ရှိတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်မှု မြို့နယ် ၆ မြို့နယ်အထိရှိလာပြီး မြိုင်မြို့နယ်မှာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမှုပထမဆုံးဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ)
(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ – မြိုင် ပကဖ)

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဇွန်လ ၂၃ ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်နှင့် စစ်ကိုင်းမြို့နယ်များပါ ပြုလုပ်လာခြင်းဟု သပိတ်ဦးဆောင်ဆရာတော်များက မိန့်ကြားသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်သည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ မုနိန္ဒာဘိဝံသအား စစ်ကောင်စီတပ်မှ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းဇွန်- မြို့သာလမ်းပေါ်၌ စစ်သား​နှင့် ပျူစောထီး​များက ​သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူခဲ့သောကြောင့် စတင် သပိတ်မှောက်ရန် စီစဥ်ခဲ့ကြခြင်းဖြစ်သည်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့် သံဃာတော်​များကလည်း စစ်ကောင်စီသည် ဗုဒ္ဓသာသနာနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အလုံးစုံဖြိုချခြင်း(Year Zero) လုပ်ဆောင်လာသောကြောင့် သံဃာတော်များ အလျှော့မပေးစတမ်း ခုခံကြရန်၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် သဘောထားထုတ်ပြန်ထားသည်။

(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ)
(မြိုင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြနေစဥ်။ ဓာတ်ပုံ – မြိုင် ပကဖ)

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ယနေ့(ဇွန်လ ၂၇ ရက်) နေ့လယ် ၁၂ နာရီတွင် ပဲခူးမြို့ ၀င်းနိမ္မိတာရုံကျောင်းတိုက်မှ ဆရာတော်ကြီး၏ ဥတုဇရုပ် ကလပ်တော်အား ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင် မီးပူဇော်ပြီး အန္တိမအဂ္ဂိဈာပန ပြုလုပ်နေသည်။

၂၀၀၇တွင် စစ်အစိုးရက လောင်စာဆီထောက်ပံ့ပေးမှုရပ်ဆိုင်းပြီး စက်သုံးဆီဈေးနှုန်းမြင့်တက်လာရာမှ သံဃာတော်များဦးဆောင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြပြီး စစ်အစိုးရအား ကံဆောင်သပိတ်မှောက်ခဲ့ကြသည်။ ၂၀၀၇ ဩဂုတ် ၁၅ရက်စတင်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များက စက်တင်ဘာ ၂၆ရက်အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အာဏာသိမ်းစစ်​ကောင်စီအ​ပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သပိတ်ဦးဆောင်ရာတွင်ပါဝင်သည့် ချောင်းဦးဆရာတော်နှင့် လူထုနွေဦး၏ ​မေးမြန်းခန်းကို ဖော်ပြလိုက်ပါသည်။

သတင်း

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။

သတင်း

ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ သံဃာထုအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။