Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

၁၀၂၇အပိုင်း(၂) သုံးရက်မြောက်နေ့တွင် မိုးကုတ် ရဲစခန်းအပါအဝင် တပ်စခန်းအချို့ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်

စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်စတင်ခဲ့ရာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ မြို့နယ်များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ ယနေ့ညနေပိုင်းအထိ စစ်ကောင်စီတပ်စခန်း၂၆ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။

(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး သုံးဦးထပ်မံသေဆုံး၊ စစ်ဆင်ရေး သုံးရက်အတွင်း အရပ်သား ၉ဦးသေဆုံးကာ ၂၀ကျော်ဒဏ်ရာရ

ဟန်နွေ/People’s Spring

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို တအာင်းတပ်မတော်(TNLA)နှင့်မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ စစ်ဆင်ရေး သုံးရက်မြောက်နေ့တွင် မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ် မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ်ရဲစခန်း အပါအဝင် စခန်းအချို့ ထပ်မံ သိမ်းပိုက်ရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်စတင်ခဲ့ရာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ သီပေါ မြို့နယ်များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ ယနေ့ညနေပိုင်းအထိ စစ်ကောင်စီတပ်စခန်း၂၆ခုထက်မနည်း သိမ်းပိုက်ရရှိထားသည်။

(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ယနေ့ (ဇွန်လ ၂၇ရက်)တွင် မိုးကုတ်မြို့နယ် အေးစေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခလရ(၈၈)လက်အောက်ခံ လပခ၊ ခလရ- ၁၄၈တပ်စခန်းအား TNLAက ထိုးစစ်ဆင်ခဲ့ပြီး မိုးကုတ်ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့တွင် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့သည် စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်၊ စည်ပင်၊ ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ်စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

နောင်ချိုမြို့ရှိ စစ်ကောင်စီတပ် ခမရ -၁၁၄ တပ်စခန်းအား ယနေ့ တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောင်ချိုနယ် အုမ္မခါးရွာ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ယခင်ရက်များက သိမ်းပိုက်ခဲ့သည့် နောင်ချို ရဲစခန်းတွင် မူယစ်ဆေးဝါး (ယာမဆေးပြား)များစွာ သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

နောင်ချိုမြို့ တိုက်ပွဲတွင် စစ်ကောင်စီက Y12 လေယာဉ်၊ တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့သည် စစ်ကောင်စီတပ်ရင်း အမြောက်တပ်(၆၀၆)တပ်စခန်းကိုလည်း ယနေ့ မနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပေး ခုခံခဲ့သည်ဟု ဆိုသည်။

ယနေ့ နေ့လယ်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA မှ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲ၌ ထိခိုက်ကျဆုံးရှိမရှိကို ဖော်ပြမထားပေ။

(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ယမန်နေ့ (ဇွန်လ ၂၆ရက်)တွင် ကျောက်မဲ၌ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ ၅၉လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ဆင်ရေးသုံးရက်တာအတွင်း အရပ်သားသေဆုံးထိခိုက်မှု အခြေအနေကိုလည်း အသိပေး ထုတ်ပြန်ခဲ့ရာ ယနေ့ (ဇွန်လ ၂၇ရက်)တွင် စစ်ကောင်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု၊ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ကြောင်းဖော်ပြသည်။

ယနေ့ (ဇွန်လ ၂၇ ရက်)တွင် ကျောက်မဲမြို့ ရပ်ကွက် (၂)ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ရာ ကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဉီးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နောင်ချိုတွင်လည်း လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် နောက်ချိုမြို့ ရပ်ကွက် (၄)တွင်နေထိုင်သည့် အသက် (၂၃)နှစ်အရွယ် မချယ်ရီထိန်းဆိုသူနှင့် အသက် (၁၆) နှစ်အရွယ် မထက်ရီဝင်းဆိုသူ အမျိုးသမီးနှစ်ဦးသည် ဆိုင်ကယ်မောင်းနေစဥ် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရကြောင်း ဖော်ပြထားသည်။

(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့အား TNLAပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်တွင်လည်း ယနေ့ နေ့လည်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

မိုးမိတ်မြို့ ဖဒန်ရွာ၌လည်း နေ့လယ်ပိုင်းက စစ်ကောင်စီမှ ဒရုန်း (၂)လုံးဖြင့် တိုက်ခိုက်ရာ အရပ်သားနေအိမ် (၂)လုံးထက်မနည်းထိ ခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

ယမန်နေ့ (ဇွန်လ ၂၆ရက်)တွင်လည်း ကျောက်မဲ၌ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား(၄)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၂၅ရက်တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂) ဉီးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်ရှိ အောင်မြေသာယာဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးပညာရေးကျောင်းထိခိုက်ပျက်စီးခဲ့ရဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၅၀၁)၊ (၅၀၂)တပ်များအကြားတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

နောင်ချိုမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း "မြို့ကိုတော့ ထိန်းထားပြီ။ ဒါပေမယ့် ၆၀၆အမြောက်တပ်ကျန်နေသေးတယ်။ မြို့ကလူတွေက ရွာဘက်တွေကို ပြေးကုန်ပြီ။ မြို့ပေါ်မှာ လူမရှိတော့ဘူး"ဟု ပြောသည်။

သတင်း

မြို့ခံများသည် စစ်ဘေးရှောင်လိုကြသော်လည်း တိုက်ပွဲပြင်းထန်နေသည့်အခြေအနေကြောင့် ပြင်ပသို့မထွက်ရဲကြကြောင်း သတင်းရရှိသည်။

သတင်း

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၅ရက်မှစတင်၍ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် နောင်ချိုမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေကို လွေးယေဦးက ရှင်းပြခြင်းဖြစ်သည်။