Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဥ့်ကူးတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောက်စီက တံတားများ ဖျက်ဆီး

ဇူလိုင် ၄ ရက်က စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှရဲစခန်းနှင့် အခြားပျူစခန်းငယ်တစ်ခုကို မန္တလေးPDF ပူးပေါင််းတပ်များက ထပ်မံသိမ်းယူနိုင်ခဲ့သည်။

(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ တံတားများ ချိုးဖျက်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဇူလိုင် ၆ ရက်) နံနက်ပိုင်းက စဥ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာနှင့် မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ရွှေပြည်ရွာရဲကင်းစခန်းအနီး ပစ်ခတ်မှုများရှိပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်း ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ – CJ)

ထို့အပြင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက စဉ့်ကူးမြို့နယ်အတွင်းရှိ ထုံးကြီးရွာနှင့် တောင်အင်းရွာကြား နတ်မင်းတံတား၊ တောင်အင်းရွာနှင့် ရွှေပြည်ရွာကြား ကိုင်းချောင်းတံတားနှင့် အသားတံတား၊ စုစုပေါင်း တံတားသုံးစင်းအား ချိုးဖျက် ထားကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဉ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တံတားတွေက စဥ့်ကူးတောင်ပိုင်း။ စဥ့်ကူးအောက်ပိုင်းမှာလည်း ပွဲတွေဖြစ်နေတယ်။ လေ​ကြောင်းလည်းချနေတယ်။”ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်၍ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးပေ။

ဇူလိုင် ၄ ရက်က စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှရဲစခန်းနှင့် အခြားပျူစခန်းငယ်တစ်ခုကို မန္တလေးPDF ပူးပေါင််းတပ်များက ထပ်မံသိမ်းယူနိုင်ခဲ့သည်။

“လက်ပန်လှစခန်းက အလံဖြူထောင်ထားပြီးသား။ရဲတပ်သားတွေကို မသတ်ဘူး။ ထွက်ပြေးသွားတာ။ ကျောက်မြောင်းဘက် ရောက်ကုန်ပြီ။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ဇူလိုင်လဆန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးနယ်ရှိ လက်ပန်လှအုပ်စု၊ ရုံးပင်ကုန်းရွာနေအိမ်အချို့ ပျက်စီးခဲ့စဥ်။ ဓာတ်ပုံ – CJ)

စဥ့်ကူးမြို့နယ်အတွင်း ကျန်ရှိနေသော တပ်စခန်းများနှင့် ပျူစောထီးစခန်းများကိုလည်း မန္တလေးPDF ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဇူလိုင် ၃ ရက်က လက်ပန်လှရွာရဲစခန်းအနီးအား စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုက်ခိုက် ခဲ့၍ အမျိုးသမီး သုံးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မြေပြင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်၍ ဒေသတွင်းတော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဇွန်လကုန်ပိုင်းကစတင်ခဲ့သည် စဥ့်ကူးမြို့နယ်တိုက်ပွဲများတွင် ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်း တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း မန္တလေး PDFက ဇူလိုင် ၃ ရက်က ထုတ်ပြန်ထားသည်။ စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း ၁၃ဦးကိုလည်း ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

သတင်း

တအာင်းတပ်မတော်(TNLA) ကလည်း စစ်ကောင်စီက ရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍တိုက်ခိုက်လာနိုင်သောကြောင့် လုံခြုံရေးသတိပြုကြရန် သတိပေးထားသည်။

သတင်း

စခန်းအများအပြား လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက လေကြောင်းမှ အချိန်မရွေးတိုက်ခိုက်လာနိုင်ကြောင်း ဒေသခံများအား ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

သတင်း

မြန်မာနိုင်ငံမှာ ဓာတုလက်နက် သုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်တွေက ၂၀၀၅ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပေမယ့် တိကျတဲ့ လက်ဆုပ်လက်ကိုင် သက်သေ မရှိခဲ့ပါဘူး။