Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လားရှိုးမြို့သိမ်းစစ်ဆင်ရေး၌ တပ်ဖွဲ့ဝင်များလိုက်နာရမည့်စည်းကမ်းချက်များMNDAAထုတ်ပြန်

တပ်ဖွဲ့ဝင်များအားလုံးတားမြစ်မိန့်လိုက်နာမှုရှိမရှိပြည်သူလူထုကစောင့် ကြည့်ပေးရန်နှင့် လိုအပ်ပါက ၀၉၆၇၈၂၄၃၆၂၆(လီဦးစီးဌာနမှူး) ၀၉၆၇၈၁၇၂၁၃၆(ရန်ဦးစီးဌာနမှူး) ဝ၉၈၈၂၉၅၄၅၆၅(ဟဲအရာရှိ)ဖုန်းနံပတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

(MNDAA တပ်ဖွဲ့ဝင်များနှင့် MNDAA ကထုတ်ပြန်ထား​သော လားရှိုးမြို့အနီးတဝိုက်လှုပ်ရှားနေသောတပ်သားများလိုက်နာရမည့်တားမြစ်မိန့်။ဓါတ်ပုံ-Getty Images)
(MNDAA တပ်ဖွဲ့ဝင်များနှင့် MNDAA ကထုတ်ပြန်ထား​သော လားရှိုးမြို့အနီးတဝိုက်လှုပ်ရှားနေသောတပ်သားများလိုက်နာရမည့်တားမြစ်မိန့်။ဓါတ်ပုံ-Getty Images)

မိထက်/People’s Spring

လားရှိုးမြို့မှာစစ်ကောင်စီစခန်းများကို တိုက်ခိုက်နေစဉ် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များကို ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်လိုက်သည်။

“လားရှိုးမြို့အနီးတဝိုက်လှုပ်ရှားနေသောတပ်သားများလိုက်နာရမည့်တားမြစ်မိန့်”ကို ဇူလိုင်လ ၁၀ရက် နေစွဲဖြင့်ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်မြေပြင်အတွင်းရှိစစ်ဥပဒေနှင့်စပ်လျဉ်း၍မဖြစ်မနေလိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများကိုလက်နာနိုင်ရန်၊စည်းကမ်းမလိုက်နာသောစစ်သားများတပ်ဖွဲ့ကိုအ ကြောင်းပြ၍ပြည်သူပိုင်ပစ္စည်းဥစ္စာများအားအပိုင်စီးခြင်းမပြုလုပ်ရန် နှင့်မိမိတို့တရားမျှ သောတပ်မတော်၏ပုံရိပ်ကိုထိခိုက်မှုမရှိစေရန်အတွက်စစ်ရေးကော်မတီ၏ဆုံးဖြတ် ချက်အရလားရှိုးမြို့အနီးတဝိုက်(သို့)မြို့တွင်းသို့ဝင်ရောက်လျက်ရှိသောMNDAAတပ်ဖွဲ့ဝင် များအားယခုချိန်မှစ၍အောက်ဖော်ပြပါတားမြစ်မိန့်အတိုင်းအတိအကျလိုက်နာဆောင် ရွက်ရမည်ဟု​ဖော်ပြထားသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

အချက် ရှစ်ချက်ပါဝင်​သော ညွန်ကြားချက်မှာ အနိုင်အကျင့်သတ်ဖြတ်ခြင်းမပြုရန်၊ပြည်သူလူထု၏စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရန်၊ စစ်မြေပြင်အတွင်းရှိပြည်သူပိုင်ယာဉ်များသိမ်းဆည်းသုံးဆောင်ခြင်းမပြုရန်၊ စစ်ဘေးရှောင်ဒုက္ခသည်များထံမှငွေသားကောက်ခံတောင်းယူခြင်းမပြုရန်၊စစ်ရေးလိုအပ်ချက်မှလွဲ၍ပြည်သူပိုင်နေအိမ်အတွင်းသို့ဝင်ရောက်နေထိုင်ခြင်းမပြုရန်၊ခွင့်ပြုမိန့်မရှိဘဲကုမ္ပဏီအတွင်းသို့ဝင်ရောက်ရှာဖွေခြင်းမပြုရန် နှင့် သိမ်းဆည်းရပစ္စည်း ဥစ္စာများအားလုံးကိုပြည်သူပိုင်ပစ္စည်းအဖြစ်သက်ဆိုင်ရာသို့အပ်ရန်၊လမ်းကြောင်းပိတ်ပြီးတပ်သားသစ်စုဆောင်းခြင်းအထူးသဖြင့်ကလေးလူငယ်များ အားတပ်သားသစ်အဖြစ်စုဆောင်းခြင်းမပြုရန်၊ လူမျိုးဘာသာခွဲခြားဆက်ဆံခြင်းမပြုရန် ညွှန်ကြားထားသည်။အထက်ပါစည်းမျဉ်းစည်းကမ်းနှင့်တားမြစ်ချက်များကိုလိုက်နာဆောင်ရွက်ခြင်းမပြု ပါကစစ်ဥပဒေအရအရေးယူခြင်းခံရမည်ဟု သတိပေးထားသည်။

ထိုအပြင် စစ်ဆင်ရေးအတွင်း လူသားချင်းစာနာထောက်ထားမှု စိတ်ဓါတ်ဖော်ဆောင်ရန်နှင့်ဘေးဒုက္ခကျရောက်နေသောပြည်သူများကိုလက်ကမ်းကူညီပေးရန်တိုက်တွန်းထားပြီး ကျောင်း၊ဆေးရုံ၊ဘုန်းကြီးကျောင်းနှင့်ပြည်သူပိုင်အဆောက်အအုံများအားကာကွယ် စောင့်ရှောက်ရန်၊သမိုင်းဝင်အမွှေအနှစ်နှင့်စာရွက်စာတမ်းများအားကောင်းမွန်စွာထိန်းသိမ်းပေးရန်၊စစ်ဘေးရှောင်ဒုက္ခသည်များတိမ်းရှောင်ရန်အတွက်အန္တရာယ်ကင်းသောလမ်း ကြောင်းဖွင့်ပေးရန်နှင့်ကူညီပေးရန်၊ ဒေသခံနယ်မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီးလုံခြုံစိတ်ချရသောဒုက္ခသည်စခန်း များဆောက်လုပ်ပေးရန်နှင့်စီမံခန့်ခွဲနေရာချထားပေးရန်၊ စစ်သုံ့ပန့်များအားကောင်းမွန်စွာဆက်ဆံရန်နှင့်၊သက်ကြီးရွယ်အိုနှင့်ကလေးငယ်များအား အထူးစောင့်ရှောက်ပေးရန်၊ ဒဏ်ရာရနေသော(သို့)နာမကျန်းဖြစ်နေသောစစ်ပြေးဒုက္ခသည်များနှင့်စစ်သုံ့ပန့်များ အားလူသားချင်းစာနာထောက်ထားပြီးကောင်းမွန်စွာဆေးကုသမှုပေးရန် ညွှန်ကြားထားသည် ။

လက်ရှိဒေသခံရပ်ကွက်ဥက္ကဌနှင့်သူကြီးများအားလုံးမှတဆင့်ပြည်သူအားလုံးထံသို့ လေကြောင်းတိုက်ခိုက်ခြင်းမှကြုံတွေ့နိုင်မည့်ဘေးအန္တရာယ်များကိုတိမ်းရှောင်နိုင်ရန်အ တွက်ပညာဗဟုသုတပေးခြင်းနှင့်ရပ်ကွက်လုံခြုံရေးနှင့်ပြည်သူပိုင်အိုးအိမ်စည်းစိမ်များ အားကာကွယ်ပေးခြင်းကိုအကောင်အထည်ဖော်ပေးရမည်ဟု တိုက်တွန်းထားသည့်။ ထို့အပြင် လားရှိုးမြို့တွင်းရှိလက်ရှိပြည်သူ့ဝန်ထမ်းများ၊ဆရာ၊ဆရာမများ၊ဆရာဝန်များနှင့်သူနာ ပြုဝန်ထမ်းများအားလုံးမိမိတာဝန်ကိုလက်ရှိရာထူးနှင့်လစာအတိုင်းဆက်လက်ထမ်း ဆောင်ထားနိုင်သည်ဟု အသိပေးထားသည်။

တပ်ဖွဲ့ဝင်များအားလုံးတားမြစ်မိန့်လိုက်နာမှုရှိမရှိပြည်သူလူထုကစောင့် ကြည့်ပေးရန်နှင့် လိုအပ်ပါက ၀၉၆၇၈၂၄၃၆၂၆(လီဦးစီးဌာနမှူး) ၀၉၆၇၈၁၇၂၁၃၆(ရန်ဦးစီးဌာနမှူး) ဝ၉၈၈၂၉၅၄၅၆၅(ဟဲအရာရှိ)ဖုန်းနံပတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

” MNDAAရဲ့ ထုတ်ပြန်ချက်က ရှင်းတယ်။ သူက လားရှိူးကို ရအောင်ယူမှာ။ စစ်တပ်ကို အပြီးမောင်းထုတ်မှာ”ဟု ရှမ်းမြောက်မှ စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။

လားရှိုးမြို့မှ စစ်ကောင်တွေစခန်းများကို MNDAAက ဇူလိုင်လ ၃ရက်မှစ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ခဲ့သည်။ ယနေ့လည်းတိုက်ပွဲဖြစ်ပွားနေပြီး ရပ်ကွက်(၉)အပါအဝင် မြို့‌​ပေါ် ရပ်ကွက်များအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိနေသည်။တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများရှိခဲ့သည်။ လားရှိုးမြို့ခံအများအပြားသည် မန္တလေးမြို့အပါ

အဝင် ဘေးပတ်ဝန်းကျင်မြို့များနှင့်ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်၌ကျန်ခဲ့သူများလည်းရှိသည်။

စစ်​ကောင်စီက လားရှိုးမြို့တွင် အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိသဖြင့် စစ်ကူများစွာဖြည့်တင်းပြီး ​လေ​ကြောင်းပစ်ကူများဖြင့် တိုင်းစစ်ဌာနချုပ်မကျ​စေရန် အပြင်းအထန်ခုခံ​နေသည်။ ရှမ်း​မြောက်ရှိ မြို့အများစုကို ​​တော်လှန်​ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ပြီးဖြစ်၍ လားရှိုးရှိစစ်​ကောင်စီတပ်မှာပတ်ပတ်လည် ဝန်းရံပိတ်ဆိုခံထားရ​​သောအ​ခြေအ​နေဖြစ်သည်။MNDAA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကလည်း ဇူလိုင် ၆ ရက်တွင် လားရှိုးမြို့အနီးရှိ ခလရ ၂၉၁ တပ်ရင်းကို သိမ်းပိုက်ထားပြီး ကျန်စစ်တပ်စခန်းများကိုသိမ်းပိုက်ရန်အပြင်းအထန်ထိုးစစ်ဆင်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ကဖမ်းမိပါက သတ်ဖြတ်သည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟုပြောသည်။

သတင်း

TNLA၏ စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည် ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ရက်စက်စွာပစ်သတ်ခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

သတင်း

လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။

သတင်း

ပူးပေါင်းတပ်တွင် ပါဝင်သည့် တပ်ဖွဲ့ အမည်များကို စစ်ရေးသတင်းရင်းမြစ်အားမေးမြန်းရာ ကိုးကန့်တပ်မတော်(MNDAA)နှင့် SSPP/SSA တို့ ဖြစ်ကြောင်း ပြောပြသည်။