Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်ကြင်းမြိုင်တပ်စခန်းမှရသော လေယာဉ်ပစ် စက်သေနတ်အကြီးများ လေ့ကျင့်ပြင်ဆင်ထားဟု မန္တလေး PDF အသိပေး

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄) ၊ ခမရ(၁၁၅)နှင့် အမတ(၆၀၆) တပ်စခန်းများမှ အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေး PDFက ဆိုသည်။

(နောင်ချိုမြို့ရှိ အမတ (၆၀၆)တပ်စခန်းအား TNLA ၊မန္တလေး PDF ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)
(နောင်ချိုမြို့ရှိ အမတ (၆၀၆)တပ်စခန်းအား TNLA ၊မန္တလေး PDF ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)

▪️စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ အမြန်ဆုံး လက်နက်ချအလင်းဝင်ရန်နှင့် လက်နက်ချအလင်းဝင်လာသူများကို ကောင်းမွန်စွာ ရှင်သန် နေထိုင်ခွင့်ပြုမည်ဟု ကတိပေး

▪️​နောင်ချိုတစ်မြို့နယ်လုံးကို​တော်လှန်​ရေးတပ်များအပြည့်အဝထိန်းချုပ်ပြီးဖြစ်​ကြောင်းမန္တ​လေးPDF အသိ​ပေး

ဒီးဒီ၊ဇေအောင်/People’s Spring

စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ အမြန်ဆုံးလက်နက်ချအလင်းဝင်ရန် တိုက်တွန်းပြီး မတ္တရာမြို့နယ် အင်ကြင်းမြိုင်တပ်စခန်းမှရရှိသော လေယာဉ်ပစ် စက်သေနတ်အကြီးများနှင့်ပက်သက်၍ လေ့ကျင့်ပြင်ဆင်ပြီးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့နံနက်တွင် သတိပေးထုတ်ပြန်သည်။

မန္တလေး PDF​၏ ဇူလိုင် ၁၁ရက်နံနက် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ထိုကဲ့သို့ သတိပေးထုတ်သည်။

မန္တလေး PDF နှင့် တအာင်းတပ်မတော်(TNLA) ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသည် နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော အမတ (၆၀၆)တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယခုအခါ နောင်ချိုမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များမှ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီလုံးဝကင်းစင်သော မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီဟု ထပ်မံ အသိပေးထားသည်။

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄) ၊ ခမရ(၁၁၅)နှင့် အမတ(၆၀၆) တပ်စခန်းများမှ အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေး PDFက ဆိုသည်။

“အမတ(၆၀၆)ထဲက လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိထားတာရှိပါတယ်။ သုံ့ပန်းအနေနဲ့ပြောမယ်ဆိုရင် နောင်ချိုစစ်ဆင်ရေးတွေမှာ ၂၀ ဝန်းကျင်အထိ ဖမ်းဆီးရမိခဲ့တာရှိပါတယ်။”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် အင်ကြင်းမြိုင်တပ်စခန်းမှ သိမ်းရသော လေယာဥ်ပစ်စက်သေနတ်ကြီးများနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ရန်မရှိသေးကြောင်း ကိုအော်စမွန်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်သည့် ဇွန်လ ၂၅ရက်တွင် TNLAဦးဆောင်ပြီး မန္တလေး PDF ပူးပေါင်းတပ်များက နောင်ချိုမြို့ရှိ ခမရ(၁၁၄)၊(၁၁၅) တပ်ရင်းအား သိမ်းပိုက်ပြီးနောက် မြို့အား ထိန်းချုပ် သိမ်းပိုက်ခဲ့သည်။

ထို့နောက် မြို့တောင်ဘက်ရှိ ဒုံးတပ်(၆၀၆)အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာ ယမန်နေ့(ဇူလိုင် ၁၀ရက်)တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် တိုက်တွန်းထားပြီး လက်နက်ချအလင်းဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုသွားမည်ဟု မန္တလေး PDFက ကတိပေးထားသည်။

ထို့အပြင် လက်နက်မချသော တပ်စခန်းများကို ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမည်ဟုလည်း ထပ်မံ သတိပေးထားသည်။

မန္တလေး PDF ပူးပေါင်းတပ်သည် မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း အပါအဝင် စစ်ကောင်စီ​၏ တပ်စခန်းအများအပြားကို ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် သိမ်းပိုက်ခဲ့သည်။

ဇွန်လ ၂၅ ရက်ကစတင်ခဲ့သည့် ရှမ်းမန်းစစ်ဆင်ရေးတွင် စဥ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်း မန္တလေး PDF နှင့် ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ရာ ဇူလိုင် ၆ရက်အထိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း (၃၆)ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း အသိပေးသည်။

သတင်း

မြန်မာနိုင်ငံမှာ ဓာတုလက်နက် သုံးစွဲမှုဆိုင်ရာ စွပ်စွဲချက်တွေက ၂၀၀၅ နဲ့ ၂၀၁၄ ခုနှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ဖူးပေမယ့် တိကျတဲ့ လက်ဆုပ်လက်ကိုင် သက်သေ မရှိခဲ့ပါဘူး။

သတင်း

တိုက်ခိုက်မှုကြောင့် ရုံးပင်ကုန်းရွာရှိ နေအိမ် နှစ်လုံး အမိုးများပျက်စီးကာ ပြည်သူ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲများမှ လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ​ကြောင်း ဓါတ်ပုံနှင့်တကွ​ဖော်ပြထားသည်။