Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုတပ်စခန်းများသိမ်းပိုက်မှု အတွဲလိုက်ဒုံးနှင့်လေယာဉ်ပစ်အပါအဝင် လက်နက် ၆၀၀ကျော်ရ

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း အသိပေးသည်။

(နောင်ချိုမြို့စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

▪️နောင်ချိုမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၁၀ဦး အသက်ဆုံးရှုံးရဟု TNLA အသိပေး

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တအာင်းတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ်များက အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ အတွဲလိုက်ဒုံးနှင့် လေယာဉ်ပစ် လက်နက်အပါအဝင် လက်နက်မျိုးစုံ အလက် ၆၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်ဟု TNLAက ယနေ့(ဇူလိုင် ၁၁ရက်) ထုတ်ပြန်သည်။

ဇွန်လ ၂၅ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် နောင်ချို့မြို့သည် ပထမဆုံး အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်သည့် မြို့ဖြစ်ပြီး TNLAနှင့်အတူ မန္တလေး PDF၊ DPLA တပ်များက ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့၌ နောက်ဆုံးကျန်နေသည့် အမှတ်(၆၀၆) ဒုံးတပ်ရင်း ကို ဇူလိုင် ၁၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီ စကခ(၁)၊ ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒုံးတပ်ရင်း(၆၀၆)တပ်ရင်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင်၊ လေယာဉ်ပစ်လက်နက် (၂)လက်၊ Radar စက် (၁)လုံး၊ လက်နက်မျိုးစုံ (၁၃၉)လက်၊ ၆၀ မမ (၁၅)လက်၊ ၈၀ မမ (၂)လက်၊ ဆလက် (၁၇) လက်၊ ဒုံးပစ်ကျည် (၁၀)သေတ္တာ၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ဟု ဖော်ပြသည်။

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်အတွင်း နောင်ချိုရှိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ(၁၁၄)၊ ခမရ(၁၁၅)၊ ဒတရ(၆၀၆)နှင့် အုမ္မတီး၊ အုမ္မခါးစခန်း၊ ကျောက်ကြမ်းစခန်း၊ ရွှေညောင်ပင်စခန်း၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောင်ချိုမြို့ရှိတပ်စခန်းများ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ကျော်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ် ၂၃၀ ကျော်ပစ်ကူပေးခဲ့ကြောင်းဖော်ပြသည်။ Jet Fighter (၆၀)ကြိမ်၊ Y12 လေယာဥ် (၄၂)ကြိမ်၊ Mi35 (၅)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၃၈) ကြိမ်၊ အတွဲလိုက်ဒုံး (၃၁)လုံး၊ ပေါင် ၅၀၀ ဗုံး (၂)လုံး နှင့် အဆိပ်ငွေ့ဗုံး (၄)လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဒုံးတပ်ရင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ်ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကျဲချခဲ့သည်ဟု ဆိုသည်။

နောင်ချိုတပ်စခန်းများကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီဘက်က အရပ်ဘက်ကို ဦးတည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ထိုသို့ တိုက်ခိုက်ခဲ့၍ ဒေသခံ ၁၀ဦး သေဆုံးခဲ့ပြီး၊ ၉ ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။ ထို့ပြင် ဘုန်းကြီးကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစထိမှန်ပျက်ဆီးခဲ့ပြီး လူနေအိမ် (၉)လုံး မီးလောင်ခဲ့သည်ဟု ဆိုသည်။

TNLAနှင့်မဟာမိတ်ပူးပေါင်းတပ်များသည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ဆင်ရေး နှစ်ပတ်ခန့်အတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ ကျော်သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄) ၊ ခမရ(၁၁၅)နှင့် အမတ(၆၀၆) တပ်စခန်းများမှ အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်ဟု မန္တလေး PDFက ဆိုသည်။

သတင်း

လားရှိုးမြို့တွင်လည်း ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ခဲ့သော်လည်း TNLA၏ စစ်ရေး သတင်းထုတ်ပြန်ချက်တွင် လားရှိုးတိုက်ပွဲအခြေအနေ ဖော်ပြမထားပေ။

သတင်း

ဒုံးတပ်ရင်း (၆၀၆)တပ်စခန်းတွင် နံနက် ၁၀နာရီမှ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်သည် မတူပီ မြိုကို ဇွန်လ ၂၉ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။