Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတွဲမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ် ဗိုလ်မှူးဖြိုးမင်းလတ်​သေဆုံး

အာရက္ခတပ်တော်(AA)၏ သံတွဲမြို့သိမ်းတိုက်ပွဲ အတွင်းဇူလိုင်လ ၁၅ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းလတ်သေဆုံးခဲ့သည်။

AA က သံတွဲ ခလရ ၅၅ တပ်ရင်းကိုသိမ်းပိုက်ပြီး​နောက် တွေ့ရသော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk

မိထက်/People’s Spring

အာရက္ခတပ်တော်(AA)၏ သံတွဲမြို့သိမ်းတိုက်ပွဲ အတွင်းဇူလိုင်လ ၁၅ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းလတ်သေဆုံးခဲ့သည်။

အသက်(၃၇)နှစ်အရွယ် ဗိုလ်မှူးဖြိုးမင်းလတ်သည် ဇူလိုင်လ ၁၅ရက်က သံတွဲမြို့ တိုက်ပွဲ၌ သေဆုံးပြီး ဇူလိုင် ၂၁ ရက်တွင်ရက်လည်ပြုလုပ်မည်ဖြစ်​ကြောင်းမိသားစုနှင့် နီးစပ်​သော စသတင်းရင်းမြစ်အချို့က​ပြောသည်။ ရက်လည်ဆွမ်းတရားနာဖိတ်စာတွင်မူ ၉၆ ပါးရောဂါကြောင့်သေဆုံးခြင်းဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သံတွဲ မြို့သိမ်းတိုက်ပွဲတွင် ​သေဆုံးခဲ့​သောစစ်​ကောင်စီတပ်မှ ဗိုလ်ဖြိုးမင်းလတ် ရက်လည်ဆွမ်းသွပ်ဖိတ်ကြားလွှာ

” ညီမရဲ့ တစ်ဦးတည်းချစ်ရပါသောကိုကြီးလေး၊ မိဖ၊မိသားစု၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ကိုကြီးတာဝန်ကျေပါတယ်”ဟု ၎င်း၏ ဇနီးဖြစ်သူက လူမှုကွန်ရက်တွင်ရေးသားထားသည်ကို​တွေ့ရသည်။

ဗိုလ်မှူးဖြိုးမင်းလတ်၏ ရုပ်အလောင်းကို သံတွဲမြို့၌ပင်သင်္ဂြိုဟ်လိုက်ကြောင်း စုံစမ်းသိရသည်။၎င်း၏ရက်လည် ဆွမ်းသွပ်ပွဲကို မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) တွင် ဇူလိုင်လ ၂၁ရက်၌ ပြုလုပ်မည်ဖြစ်သည်။

ဗိုလ်မှူးဖြိုးမင်းလတ်၏ဇနီးသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညတက္ကသိုလ်(မန္တလေး)မှ စစ်​ကောင်စီဝန်ထမ်း

တစ်ဦးဖြစ်သည်။ ဗိုလ်မှူး ဖြိုးမင်းလတ် တိုက်ပွဲ၌ ​သေဆုံးခဲ့​​​သော​ကြောင့် ဇနီး နှင့် သမီးတစ်ဦးကျန်ခဲ့သည်။

သံတွဲမြို့မှစစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA) ပြီးခဲ့သည့်ဧပြီလတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဇွန်လ ၂၇ ရက်တွင် အမှတ် ၅၆၆ ​မြေမြန်တပ်ရင်း (ခမရ ၅၆၆)ကိုလည်း​ကောင်း ၊ ဇူလိုင် ၉ ရက်တွင် အမှတ် (၅၅) ​ခြေလျင်တပ်ရင်း(ခလရ ၅၅)ကိုလည်း​ကောင်း ၊ ငပလီ (မဇင်)​လေဆိပ် အနီး ခံစစ်ပြင်ထား​သော စစ်​ကောင်စီတပ် ဇူလိုင်လ ၅ ရက်တွင် လည်း​ကောင်း ငပလီမြို့အနီး ဝန်းကျင်ရှိစစ်တပ်စခန်းများ ၊စစ်တပ်တပ်စွဲရာ​နေရာများကို AA ကအပြီးသတ်သိမ်းပိုက်ခဲ့သည်။ စစ်တပ်စခန်းများကို သိမ်ပိုက်ရာတွင် လက်နက်ခဲယမ်းအများအပြားရရှိပြီး ငပလီမြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီ၏ တပ်မ ၁၀၁ လက်​အောက်ခံတပ်ရင်းအားလုံးကို ​​ချေမှုန်းနိုင်ခဲ့ပြီး စစ်​ကောင်စီတပ်သားရာ​ပေါင်းများစွာ​သေဆုံးခဲ့​ကြောင်း AA က ဇူလိုင် ၇ ရက်တွင်ထုတ်ပြန်ထားသည်။

AA က သံတွဲ ခလရ ၅၅ တပ်ရင်းကိုသိမ်းပိုက်ပြီး​နောက် စစ်တပ်အရာရှိကိုင် ပစ္စတို များအပါအဝင်လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk

ထိုအပြင် သံတွဲအကျဥ်း​ထောင်အပါအဝင် သံတွဲမြို့တွင်းနှင့် မြို့ဝန်းကျင် ၌ ခံစစ်ပြင် ခုခံ​နေ​သောစစ်​ကောင်စီတပ်ကို အပြီးသတ်တိုက်ခိုက်၍ မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရန်ဆက်လက်ထိုးစစ်ဆင်မည်ဟု AA က ဇူလိုင် ၁၁ ရက်ကထုတ်ပြန်ထားသည်။

ထပ်မံရရှိ​သော သတင်ူများအရ သံတွဲအကျဉ်းထောင်၌ခံစစ်ပြင် ခုခံ​နေ​သော စစ်​ကောင်စီတပ်ကိုAA က ဇူလိုင်လ ၁၅ရက်တွင်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံ​ရေးအကျဥ်းသားများအပါအဝင် အကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့​ကြောင်း ​ဒေသတွင်းသတင်းဌာနအချို့က​ဖော်ပြသည်။ထို​နောက် သံတွဲမြို့ကို AA ကထိန်းချုပ်ထားနိုင်ပြီး ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ထို​ကြောင့် ဗိုလ်မှူးဖြိုးမင်းလတ်သည် သံတွဲ​ထောင်ကို AA ထိန်းချုပ်နိုင်ခဲ့​သော ဇူလိုင် ၁၅ ရက် မြို့တွင်းတိုက်ပွဲတစ်ခုတွင် ​သေဆုံးခဲ့ခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံ သတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ