Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး ခရီးသည်တင်ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး

စစ်ကောင်စီကမူ ခရီးသည်တင်ယာဥ်အား PDFများက ပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ၎င်းတို့ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

(မုံရွာ - မန္တလေးလမ်းတွင် ယခုနှစ်ဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားချိန် ခရီးသည်ယာဥ်အချို့ စောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာ - မန္တလေးလမ်းတွင် ယခုနှစ်ဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားချိန် ခရီးသည်ယာဥ်အချို့ စောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပိုင်း၊ ငါးယှန်ကျေးရွာအနီးတွင် ယနေ့(ဇွန်လ ၃၀ရက်)နံနက်က တိုက်ပွဲဖြစ်ပွားပြီး ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နတ်ရေကန်ကျေးရွာ၌ အထိုင်ချထားသော မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ထောက်ပို့ရေးနှင့် ပို့ဆောင်ရေးတပ်ခွဲ ထပရ (၉၂၉)တပ်မှ စစ်ကောင်စီတပ်သားများသည်

ခရီးသည်တင်တစ်စီးအား တားဆီး၍ လိုက်ပါလာခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်သားများသည် ချောင်းဦးမြို့နယ်၊ငါးယှန်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ PDFရဲဘော်များကို ကားပေါ်မှ စတင်ပစ်ခတ်ခဲ့ရာ ငါးယှန်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်တွင် ယာဉ်ပေါ်ပါ (၂၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

” ဆားလင်းကြီး၊ဒုန်းတောရွာက ၁ဦး ကားမှန်ကွဲစထိမှန်ဒဏ်ရာရတယ်။ ကံကုန်းရွာက တစ် ယောက်သေတယ်လို့သိရတယ်”ဟု ဒေသခံတစ် ဦးက ပြောသည်။

မည်သည့်ဘက်ကပစ်ခတ်မှုကြောင့် ခရီးသည်အမျိုးသမီးသေဆုံးခဲ့သည်ကို အတည်မပြုနိုင်သေးပေ။ ထို့အပြင် ဒေသတွင်း မည်သည့် PDF အဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်ကိုမူ မသိရသေးပေ။

စစ်ကောင်စီကမူ ခရီးသည်တင်ယာဥ်အား PDFများက ပစ်ခတ်တိုက်ခိုက်ရာမှ ပြည်သူတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကြောင်း ၎င်းတို့ထောက်ခံသည့် တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

အဆိုပါတိုက်ပွဲကြောင့် ခရီးသည်တင်ယာဥ်များ ရပ်တန့်ထားခဲ့ရပြီး ညနေ ၃နာရီခန့်တွင် လမ်းပိုင်းပြန်ပွင့်ခဲ့ကြောင်း ခရီးသွားယာဥ်မောင်းတစ်ဦးက ပြောပြသည်။

မုံရွာ-မန္တလေးလမ်း၌ စစ်ကောင်စီတပ်သားများအား PDF များက တိုက်ခိုက်နေပြီး ပြည်သူများ စစ်အုပ်စုနှင့်အနီးကပ် သွားလာနေထိုင်ခြင်းမပြုရန် ဒေသတွင်းPDFများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်သည် မတူပီ မြိုကို ဇွန်လ ၂၉ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

မိုးကုတ်မြို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ခံများသည် မန္တလေးသို့သွားရောက်တိမ်းရှောင်ရန် ကြိုးစားနေကြသည်။

သတင်း

ဇွန်လ ၂၈ ရက်နေ့တုန်းက အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်လေး ညာမွေဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင် နှစ်ရက်ကမှ သူဟာယူတီကာမှာ အလယ်တန်း ပညာသင်ယူမှု အောင်မြင် ပြီးမြောက်ထားခဲ့ပါတယ်။

သတင်း

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၉ရက်က လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ရဲဘော်အချို့ ကျဆုံးခဲ့ရဟု ဆိုသည်။