Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနှင့် ရေဦးမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

Budalin Mobile Team-BMT တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BMT

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၁၉ရက်) နံနက် ၁၀နာရီခန့်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အထကကျောင်းနေရာများအား ၈၀မမ၊၆၀မမ၊၄၀မမ၊RPG အပါအဝင် လက်နက်ငယ်များဖြင့်ပါ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Budalin Mobile Team-BMTအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်ဒဏ်ရာရသည်ဟု BMTအဖွဲ့က ဆိုသည်။

“တိုက်ခိုက်ချိန် တစ်နာရီခွဲလောက်ကြာတယ်။ သူတို့ပြန်မပစ်နိုင်ဘူး။”ဟု BMTအဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလားတူ ယမန်နေ့ကပင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ရော့ကတ် ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ရေဦး PDFက ထုတ်ပြန်သည်။

ရေဦးနှင့်ဒီပဲယင်းမြို့နယ်သည် နယ်မြေချင်းထိဆက်နေပြီး ရေဦးမြို့ပေါ်မှ စစ်အုပ်စုက လက်နက်ကြီးများဖြင့် ညစဉ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“ညတိုင်ဆိုရင် လက်နက်ကြီးနဲ့ထုတာ။ ကောင်းကောင်းကိုမအိပ်ရဘူး။ အလှည့်ကျကင်းစောင့်ရတယ်။”ဟု ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းစစ်ဆင်ရေးကို Budalin Mobile Team-BMT (ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း)၊ Depeyin Local Mobile Team (DLMT)၊ရေကျော်ပိတုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၁၆ ရက်ကလည်း ဒီပဲယင်းမြို့ မြို့မရဲစခန်းမှ ကင်းထွက်လာသော စစ်အုပ်စုအား ADPRAနှင့် မဟာမိတ်တပ်များက ပစ်ခတ် တိုက်ခိုက်ရာ စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သေနတ် ၂လက်ရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဟားခါးမြို့မရဲစခန်းကို ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်ရာ ရဲ ၄ဦးသေဆုံးခဲ့ကြောင်း ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha)က သတင်းထုတ်ပြန်သည်။

ရသ

တံခါးဖွင့်ဖွင့်ချင်း ကိုနွယ်ပထမဆုံးသတိရမိတာက စစ်ကောင်စီပါ။ သူတို့ချိတ်ပိတ်ခဲ့တဲ့အိမ်ကို ကိုနွယ့်လက်နဲ့ ပြန်ဖွင့်နိုင်ခဲ့ပြီလို့ တွေးရင်း သတိရတာပါတဲ့။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့​ကြောင်းထုတ်ပြန်လိုက်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။