Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်း ၁၈ ဦးရှိဟု SOF အသိပေး

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ နွေဦးတော်လှန်ရေး (၃)နှစ်တာကာလအတွင်း စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် တိုင်းပြည်နှင့် ပြည်သူ လူထု အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၏ တပ်ဖွဲ့ဝင် ရဲဘော်များအား အသက်စွန့်အာဇာနည် ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း SOFကထုတ်ပြန်သည်။

ကျဆုံးရဲဘော်များအား အသက်စွန့်အာဇာနည်ဆုတံဆိပ် ချီးမြှင့်

ထားမြတ်/People’s Spring

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ နွေဦးတော်လှန်ရေး (၃)နှစ်တာကာလအတွင်း စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် တိုင်းပြည်နှင့် ပြည်သူ လူထု အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၏ တပ်ဖွဲ့ဝင် ရဲဘော်များအား အသက်စွန့်အာဇာနည် ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း SOFကထုတ်ပြန်သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOFတွင် တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်ခဲ့ကြသူ အာဇာနည်သူရဲကောင်း (၁၈) ဦးရှိခဲ့ကြောင်း အသိပေးထားပြီး ယင်းအနက်လေးဦးမှာ ရန်ကုန်မြို့ပြစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ပြီး ကျန် ၁၄ဦးမှာ ကျေးလက်စစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား ကာကွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီးဦးရည်မွန်မှလည်း ဦးညွှတ်ဂုဏ်ပြုလွှာများချီးမြှင့် ပေးခဲ့ဟုလည်း ထုတ်ပြန်သည်။

” ကျဆုံးခဲ့သော SOFအာဇာနည်သူရဲကောင်းများအား ထာဝရအမှတ်ရလေးစားလျှက် (၇၇)နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကျဆုံးခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့်အတူ အထူးပဲ ဦးညွှတ်အလေးပြုလိုက်ပါသည်”ဟု SOFက ဖော်ပြထားသည်။

ရဲဘော်မိသားစုဝင်၏ သဘောဆန္ဒအရ ဂုဏ်ပြုမှတ်ပုံတချို့အား ထုတ်ပြန်မှုမပြုပဲ သိမ်းဆည်းမှတ်တမ်းတင်ထားသည်ဟုလည်း အသိပေးသည်။

SOFတပ်ဖွဲ့သည် လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်ဖွဲ့များ၊ အခြားတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ကရင်ဒေသ အထူးသဖြင့် KNU တပ်မဟာ(၆) နယ်မြေအတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး အောင်ပွဲများရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူးပေါင်းတပ်သည် ယခင်ကလည်း စစ်ကောင်စီ၏ ကွီလုံတိုင်၊ ရေတလျောက်၊ မဲသရောထ စခန်းများ၊ ကျိုက်ဒုံဗျူဟာကုန်း တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အဇက်ဒ်က ဇိုလန်း PDF အဖွဲ့ဝင်တွေကို စနိုက်ပါ လက်ဖြောင့်ရိုင်ဖယ် ပစ်ခတ်နည်းနဲ့ ခြေလျင်တပ်သားတွေအတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေ ထောက်ပံ့သင်ကြားပေးရုံသာ မကဘဲ ကင်းထောက်နဲ့ တခြားစစ်ရေး တာဝန်တွေကိုပါ တွဲယူထားတယ်လို့ ဆိုပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။