Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေနံချောင်းတွင် PDFသတင်းစုံစမ်းနေသည့် တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် PDF သတင်းစုံစမ်းနေသည့် တပ်မ(၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၇၇)မှ တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ရဲဘော်များအား စစ်ဆင်ရေးတခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-YNG PDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် PDF သတင်းစုံစမ်းနေသည့် တပ်မ(၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၇၇)မှ တပ်ကြပ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၀ရက်က ရေနံချောင်းမြို့အခြေစိုက် ခလရ(၇၇ )မှ တပ်ကြပ်ဖိုးလင်းဆိုသူအား ရေနံချောင်းမြို့နယ် တနေရာတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးပြီး PDFသတင်းများကို ထေက်လှမ်းနေ၍ သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ သို့သော် ၎င်းတပ်ကြပ်မှာ ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားကြောင်း မကွေးခရိုင် အမှတ်(၂)တပ်ရင်းမှ ဗိုလ်စံသျှားက ပြောသည်။

Public Service Announcement

Public Service Announcement

“သူက ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားမှုကို တန်ပြန်ထောက်လှမ်းရေးလုပ်နေတာ။ သတင်းအရ စောင့်ဖမ်းတာကို အဖမ်းမခံဘဲ ထွက်ပြေးလို့ ပစ်ခတ်ခဲ့တာ”ဟု ဗိုလ်စံသျှားက ပြောသည်။

အလားတူ ဇူလိုင် ၁၃ ရက်ကလည်း ရေနံချောင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေသော ရွာသစ်ရပ်ကွက် အုပ် ချုပ်ရေးမှူးသန်းထွေးဆိုသူ လက်ဖက်ရည်သောက်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောာင်စီ၊ ထောက် တိုင်များ၊ အပေါင်းပါများနှင့် နီးနီးကပ်ကပ် သွားလာနေထိုင်ခြင်း မပြုကြရန်နှင့် ၎င်းတို့၏ သွားလာလှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ် ရေးအဖွဲ့များထံသို့ အချိန်နှင့် တပြေးညီသတင်းပေးပို့ကြပါရန်‌ ရေနံချောင်းပကဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို "တံမျက်စည်းလှဲနေပြီ"ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

သတင်း

TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကိုပြန်လည်တိုက်ခိုက်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကောင်စီအင်အားသုံးရာခန့်ရှိသည့် စစ်တပ်စစါကူ စစ်ကြောင်း သည် ကျောက်မဲမြို့သို့ ဇူလိုင်လ၂၀ရက်မနက်က ရောက်ရှိလာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေး PDFပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် စဥ့်ကူးမြို့ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။