Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းယောင်းဒေသကို မိုင်းလားတပ်ဖွဲ့ NDAA ဝင်ရောက်နေရာယူ

NDAAတပ်ဖွဲ့များ မိုင်းယောင်းဒေသသို့ ဝင်ရောက်နေရာယူမှု နှင့်ပတ်သက်ပြီး NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်အားမေးမြန်းရာ မိုင်းယောင်းမြို့ကို သိမ်းသည်ဆိုသည့်သတင်းမမှန်ကြောင်း လုပ်ကြံသတင်းသာဖြစ်ကြောင်း ပြောသည်။

မိုင်းယောင်းမြို့ကို မိုင်းလားတပ်ဖွဲ့(NDAA) ရဲဘော်များ နေရာယူထားစဉ်။ ဓာတ်ပုံ - CJ

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းယောင်းမြို့ကို မိုင်းလားတပ်ဖွဲ့(NDAA)က ဝင်ရောက်နေရာယူလိုက်ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

NDAA တပ်ဖွဲ့များ ယနေ့(ဇူလိုင် ၂၄ရက်)တွင် မိုင်းယောင်းမြို့အား ဝင်ရောက်တပ်စွဲခဲ့ဟု သတင်းရင်းမြစ်တစ်ဦးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယင်းနှင့်ပတ်သက်၍ ရှမ်းသတင်းရင်းမြစ်တစ်ဦးက လွန်ခဲ့သည့်နှစ်ရက်ကတည်းက မိုင်းလားတပ်ဖွဲ့များ ဝင်နေခြင်းဖြစ်သည်ဟု ပြောသည်။

“နယ်မြေ လုံခြုံရေး အနေနဲ့ မြင်ပါတယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

NDAAတပ်ဖွဲ့များ မိုင်းယောင်းဒေသသို့ ဝင်ရောက်နေရာယူမှု နှင့်ပတ်သက်ပြီး NDAA အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်အားမေးမြန်းရာ မိုင်းယောင်းမြို့ကို သိမ်းသည်ဆိုသည့်သတင်းမမှန်ကြောင်း လုပ်ကြံသတင်းသာဖြစ်ကြောင်း ပြောသည်။

” အခု တချို့အဖွဲ့အစည်းတွေဝင်ပြီးမှ လာတပ်သားသစ်တွေ စုဆောင်းတာ စည်းရုံးတာ ဆိုရင်ကျနော်တို့ လက်မခံဘူး။ ကျနော်တို့သွားမောင်းထုတ်တာ။ အဲဒါနဲ့ မိုင်းယောင်းမြို့ ဝင်လို့ သိမ်းလို့မဟုတ်တဲ့ လုပ်ကြံသတင်းတွေ လျှောက်ထွက်လာတာ။ အဲဒါမမှန်ဘူးနော်။ အဲဒီဘက်မှာ ကျနော်တို့ အေးအေးဆေးဆေးပဲ။ တပ်မတော်ရော၊ ကျနော်တို့ရော အေးအေးဆေးဆေးပဲ။ ကျနော်တို့ဆီ ဝင်လာတဲ့သူကို မောင်းထုတ်ဖို့ ဒီလိုလာမလုပ်နဲ့ လူထုကို စည်းရုံးပြီး ဒီလို လက်မခံဘူးဆိုတာ အဲဒါလုပ်တာပါ။ ကျန်တာ ဘာမှမဖြစ်ဘူး။ ပြည်သူလူထုရော အားလုံးအေးအေးဆေးဆေးပဲ”ဟု ဦးကြည်မြင့်က ပြောသည်။

ထို့အပြင် စစ်ကောင်စီက ၀တပ်ဖွဲ့(UWSA) ဌာနချုပ် ပန်ဆန်းဒေသသို့ သွားရောက်ပြီး လက်ရှိ ရှမ်းမြောက်တိုက်ပွဲများ နှင့်ပတ်သက်ပြီး အခြေအနေကို ဟန့်တားပေးရန် တောင်းဆိုခဲ့သည်ဟုလည်း ကြားသိရကြောင်း ရှမ်းသတင်းရင်းမြစ်က ပြောသည်။

” အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးမကျဖို့ကိုလည်း တောင်းဆိုခဲ့တယ် ပြောပါတယ်။ ဒါနဲ့ ဆက်စပ်မှု ရှိမယ်လို့ ထင်ပါတယ်။ ဒီလိုတောင်းဆိုတာကလည်း အလုပ်မဖြစ်နိုင်ပါဘူး”ဟု သတင်းရင်းမြစ်က မိုင်းလားတပ်ဖွဲ့ မိုင်းယောင်းကို ဝင်ရောက်နေရာယူ ခြင်းအပေါ် သုံးသပ်ပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို တအာင်းတပ်မတော်(TNLA)က ဇွန်လ ၂၅ရက်တွင် မဟာမိတ်တပ်များနှင့်အတူ ဆင်နွှဲခဲ့ရာ ရှမ်းမြောက်ရှိ နောင်ချို၊ကျောက်မဲ၊ မိုးမိတ်၊ မန္တလေးတိုင်းရှိ မိုးကုတ်၊ မြို့နယ်များ၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စစ်ရှုံးလျက်ရှိသည်။

မြို့အဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ကိုးကန့်တပ်ဖွဲ့(MNDAA)သည်လည်း ဇူလိုင် ၃ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)စစ်တိုင်း တည်ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ တတိယပတ်ကြာသည်အထိ နေ့စဉ် ပြင်းထန်လျက်ရှိပြီး တပ်ရင်းအချို့ကို သိမ်းပိုက်ထားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချအညံ့ခံခဲ့ကြသည်။

ဇူလိုင်ဒုတိယပတ်တွင် လားရှိုးမြို့နှင့် ဆက်စပ်နေသည့် တန့်ယန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို TNLAက ထိုးစစ်ဆင်ခဲ့ရာရက်ပိုင်းအတွင်း၌ပင် ၀တပ်ဖွဲ့(UWSA) တပ်များ တန့်ယန်းမြို့ကို ဝင်ရောက်တပ်စွဲထိန်းချုပ်ခဲ့သည်။

ထို့နောက် SSPPကလည်း မိုင်းရယ်မြို့ကို အင်အားထောင်ချီ ဝင်ရောက်တပ်စွဲပြီး မြို့နယ်အတွင်း ဖြန့်ကျက်ထားသည်။

SSPPနှင့် UWSAတို့သည် ဒေသခံ ပြည်သူလူထု ၏ တောင်းဆိုချက်အရ ဝင်ရောက်နေရာယူခြင်းဖြစ်ကြောင်း အသိပေးခဲ့သည်။

ထို့ကြောင့် ဇူလိုင် ၁၀ရက်မှ ယနေ့အထိ နှစ် ပတ် အတွင်း၌ပင် ရှမ်းပြည်နယ်ရှိ တန့်ယန်းမြို့ကို UWSA တပ်ဖွဲ့၊ မိုင်းရယ်ကို SSPP တပ်ဖွဲ့၊ မိုင်းယောင်းကို NDAA တပ်ဖွဲ့တို့ ဝင်ရောက်နေရာယူ တပ်စွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်းရင်းသားတပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းသည် ယာယီမဖြစ်နိုင်ဘဲ ရှေရည်ဖြစ်နိုင်သည်ဟု ရှမ်းသတင်းရင်းမြစ်က သုံးသပ်သည်။

“နယ်မြေချဲ့တဲ့ သဘောတွေ့ပါတယ်။ ရေရှည်ဖြစ်နိုင်ပါတယ်။မြောက်ပိုင်း(ရှမ်းမြောက်ပိုင်း)မှာတော့ ထပ်ရှိလာနိုင်တဲ့ အခြေအနေရှိပါတယ်။တောင်ပိုင်းတော့ ငြိမ်နေတုန်းပါ”ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီလ ၁၂ ရက် ညနေ ၃ နာရီခွဲက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဆီကို အိတ်ဖွင့်ပေးစာ သွားရောက်ပေးရာ မြန်မာ့ရေးရာဌာနက ယူဆောင်သွားတယ်လို့ သိရပါတယ်။

သတင်း

“မြန်မာပြည်သူများအတွက် ပျော်ရွှင်ဝမ်းမြောက်ဖွယ်ခရစ္စမတ်လက်ဆောင်ပါ”ဟု မြန်မာ့အရေးလေ့လာသူ ဒေါက်တာမီမီဝင်းဘတ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားသည်။

သတင်း

NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုအပြီး ၈ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးမည့်အဆင့်သာ ကျန်ရှိသည်။

သတင်း

NDAA ကို အောက်လွှတ်တော်က အတည်ပြုပြီး နောက် ၈ ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယင်းသို့ ကာလတိုအတွင်း လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်သဖြင့် မကြာမီအတွင်း သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးကာ အတည်ပြုနိုင်ဖွယ်ရှိနေသည်။