Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်အခြေစိုက် ခမရ(၄၃၇)တပ်ရင်းကို KIA ပြန်လည်ထိုးစစ်ဆင်

ဗန်းမော် – မိုးမောက်မြို့နယ်ဘက်တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်းကတည်းက စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(ဇူလိုင် ၂၄ရက်) နံနက်တွင် ပြန်လည်ထိုးစစ်ဆင်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော် – မိုးမောက်မြို့နယ်ဘက်တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်းကတည်းက စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

” ဒီမနက် ၈နာရီဝန်းကျင်ကတည်းက စပြီးတော့ အဲဒီ ၄၃၇ဘက်ကို KIAနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ပြန်ပြီးမှ ထိုးစစ်ဆင်နေတဲ့ သတင်းကြားရပါတယ်။ နေ့လယ်အထိ ညနေပိုင်းအထိတော့ သိပ်ပြီးထူးခြားတဲ့သတင်း မကြားဘူး။ ကျနော်တို့လည်း ဖုန်းအဆက်အသွယ်တော့ အခက်အခဲတွေ အများကြီးရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ညနေ ၅နာရီနောက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မြစ်ကြီးနားမြို့မှ လေယာဉ် တက်လာပြီး လေကြောင်းတိုက်ခိုက်သည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

” အခုအချိန်မှာကတော့ တိုက်ပွဲကတော့ဆက်ဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ညနေပိုင်းတွင် ပြောသည်။

KIA ပူးပေါင်းတပ်များသည် မေလ ၇ရက်တွင် မိုးမောက်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ရက်ပိုင်းအတွင်း မြို့ကိုထိန်းချုပ်နိုင်ခဲ့သည်။ထို့နောက်မြို့အနီးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ သိမ်းယူနိုင်ခဲ့ခြင်းမရှိသေး၍ မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

KIA အနေဖြင့် မတ်လ ၇ရက်ကစတင်၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို ထိုးစစ်ဆင်တိုက်ခိုက်သည့် စစ်ဆင်ရေးများကို တဆင့်ပြီး တဆင့်လုပ်ဆောင်လျက်ရှိရာ တပ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး ဒေသအများအပြားကိုလည်း စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် နှင့် သပိတ်ကျင်းမြို့ကြား တကောင်းမြို့၊ အင်းနက်ကျေရွာရှိ စစ်‌ကောင်စီတပ်၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း ဆေးရုံဆေးပေးခန်းမရှိသေးသည့် ကျေးရွာ၊ မြို့များမှ ပြည်သူများကို တစ်လလျင် အနည်းဆုံးတစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

RCSSသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံလျက်ရှိသည့် ရှမ်းတပ်ဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု မရှိပေ။

သတင်း

KIA အမှတ်(၁၁)တပ်မဟာကို အူလောင်းပါနှင့် ရွှေကူဒေသတို့ ပါဝင်ပြီး KIA အမှတ် (၁၂) တပ်ရင်း၊အမှတ်(၂၇)များဖြင့် ဖွဲ့စည်းထားကြောင်း အသိပေးသည်။