Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“၀”တပ် UWSA ဝင်ရောက်လာပြီးနောက် လားရှိုးမြို့အုပ်ချုပ်ရေးကို MNDAAက ဖော်ဆောင်မည်ဟု ထပ်လောင်းအသိပေး

လားရှိုးမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၂၈ရက်)တွင် ထပ်မံထုတ်ပြန်ခဲ့ပြီး ထိုသို့ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် လုပ်ဆောင်မည့်အချက် ၈ချက်ကို လားရှိုးမြို့ပြည်သူလူထုသို့ အသိပေးလိုက်သည်။

လားရှိုးမြို့ တနေရာတွင် MNDAA ရဲဘော်များအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုလိုက်နာပြီး တိုက်ပွဲ အမြန်ချုပ်ငြိမ်းရေးကြိုးပမ်းမည်ဟု ဖော်ပြ
ပုဂ္ဂလိကနှင့် အများပိုင်ပစ္စည်းများ ထိန်းသိမ်းရန် ၊ လူ့အခွင့်အရေးမချိုးဖောက်ရန်၊ တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ဘာသာရေးလွတ်လပ်ခွင့်ကို ဖော်ဆောင်ရန်၊ ဆိုင်ဘာမှုခင်းနှင့် မူးယစ်ဆေးတိုက်ဖျက်ရန်၊ ပြည်သူကို စည်းရုန်းရန်အချက်များ ထုတ်ပြန်

ဟန်နွေ/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၂၈ရက်)တွင် ထပ်မံထုတ်ပြန်ခဲ့ပြီး ထိုသို့ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် လုပ်ဆောင်မည့်အချက် ၈ချက်ကို လားရှိုးမြို့ပြည်သူလူထုသို့ အသိပေးလိုက်သည်။

“၀”တပ်ဖွဲ့(UWSA) တပ်ဖွဲ့ဝင်များ ဇူလိုင် ၂၇ရက်ညပိုင်းတွင် လားရှိုးမြို့သို့ ဝင်ရောက်သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် MNDAAက လားရှိုးမြို့ အုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် ဆောင်ရွက်မည့် အချက်များကို ထပ်လောင်းအသိပေးခဲ့ခြင်းဖြစ်သည်။ “၀”တပ်ဖွဲ့သည် နှစ် ဖက်(စစ်ကောင်စီနှင့် MNDAA တို့နှင့် ညှိနှိုင်းပြီး လားရှိုးရှိ UWSAဆက်ဆံရေးရုံးလုံခြုံရေးအတွက် ဝင်ရောက်လာခြင်းဖြစ်သည်ဟု အသိပေးထားသည်။

MNDAAက လားရှိုးမြို့ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန် ဆောင်ရွက်မည့် အချက်များကို ဖော်ပြခဲ့ရာ နံပါတ်(၁) အချက်တွင် တိုက်ပွဲအမြန်ချုပ်ငြိမ်းရေး ကြိုးပမ်းမည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

” တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံမြောက်ပိုင်း၏ အခြေအနေများအပေါ် အထူးဂရုစိုက်မှုကို ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) စစ်ရေးကော်မတီ တို့မှ အထူးအလေးထားပြီး တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးရေး မူဝါဒကို တစိုက်မတ်မတ် လိုက်နာကာ တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ကြိုးပမ်းသွားမည်”ဟု ဖော်ပြသည်။

ထို့အပြင် ပုဂ္ဂလိကပိုင်ပစ္စည်းများကို မကျူးလွန် ရန်လည်းအပါအဝင် အခြား လုပ်ဆောင်ရမည့် အချက်များကိုလည်း ဖော်ပြခဲ့သည်။

MNDAA တပ်ဖွဲ့ဝင်များအနေဖြင့် ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများကို မကျူးလွန်ရချိုးဖောက်ပါက ပြင်းထန်စွာအရေးယူမည်ဟု ဖော်ပြသည်။

အရပ်သားနေအိမ်များကို စစ်ရေးအဆောက်အဦးအဖြစ် အသုံးပြုနေထိုင်ခြင်းမပြုရန် ၊ စစ်ရေးဆိုင်ရာလှုပ်ရှားမှု မဟုတ်ဘဲ အရပ်သားနေအိမ်သို့မဝင် ရန် ၊ အရပ်သားကားများကို အတင်းအဓမ္မအသုံးပြုခြင်းမလုပ်ရန် ၊အရပ်သားများထံမှ ငွေကြေးသိူ့မဟုတ် ပစ္စည်းကောက်ခံခြင်းပို့ခိုင်းခြင်းမပြုရန်၊စစ်ရေးအုပ်ချုပ်မှုကာလအတွင်း မည်သူထံကမျှ အခွန်မကောက်ရန် အချက်များ ပါရှိသည်။

ထို့ပြင် လူ့အခွင့်အရေးချိုးဖောက်ပါကပြင်းထန် စွာ အရေးယူမည်ဟု ဖော်ပြထားသည်။

ဒုက္ခသည်များကိုကူညီရန် ၊ဒဏ်ရာရသူများကိုကယ်တင်ရန် ၊တိုက်ပွဲကြောင့် ဒုက္ခရောက်ရသူများကိုလည်းကောင်းမွန်စွာပြုစုစောင့်ရှောက်ရန်၊ စစ်သုံ့ပန်းများ ၊လက်နက်ချသူ ၊အလင်းဝင် သူများကိုလည်းကောင်းမွန်စွာ ဆက်ဆံရန် မည်သည့်အကြောင်းနှင့်မျှ ခွဲခြားဆက်ဆံခြင်း၊နှိပ်စက်လြင်းမပြုရဟု ညွန်ကြားထားသည်။

စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း မူလ တာဝန်ရာထူးဖြင့်ထမ်းဆောင်စေမည်ဟုဖော်ပြသည်။သို့သော် ပြည်သူများကမူ စစ်ကောင်စီဝန်ထမ်းများကို တာဝန်ဆက်လက်ထမ်းဆောင်စေခြင်းမပြုဘဲ စစ်အုပ်စုကို အကြမ်းမဖက်အာဏာဖီဆန်မှုပြုလုပ်နေသော CDM ဝန်ထမ်းများကို ဦးစာပေးတာဝန်ထမ်းဆောင်စေလိုကြောင်း ပြောကြသည်။

စစ်အုပ်ချုပ်မှုကာလအတွင်း လားရှိုးမြို့၌ အဓမ္မ တပ်သားစုဆောင်းခြင်း ၊သက်ကြီးရွယ်အိုများနှင့် လူငယ်များအား တပ်သားသစ်အဖြစ် ခေါ်ဆောင်ခြင်းများကို ကန့်ကွက်သည်ဟု ထုတ်ပြန်သည်။

အရွယ်ရောက်သူများအနေဖြင့် မိမိဆန္ဒအလျောက် စစ်မှုထမ်းလိုသူများအား ဖိတ်ခေါ်သည်ဟု ဆိုသည်။

ပြည်သူလူထုလွတ်လပ်ခွင့်ကိုချိုးဖောက်ခြင်း ၊ ဖမ်းဆီးချုပ်နှောင် ခြင်း နှင့် ရိုက်နှက်စစ်ကြောခြင်းတို့ကို လုံးဝကန့်ကွက်သည်ဟုလည်းပါရှိသည်။

တိုင်းရင်းသားများ တန်းတူညီမျှအခွင့် အရေးရှိမည်ဖြစ်ပြီး ခွင့်ခြားဆက်ဆံမှု မပြုရဟု ဆိုသည်။

ထို့အပြင် ဘာသာရေးနှင့် ဘာသာရေး အဆောက်အုံများကို ဖျက်ဆီးခြင်း ခွဲခြားခြင်းမပြုရဘဲ အထူးဒေသ (၁)ဥပဒေ နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ရန်လည်းဖော်ပြထားသည်။

စစ်ကောင်စီအကာအကွယ်ပေးမှုကြောင့် ဆိုက်ဘာမှုခင်း၊ အွန်လိုင်းလိမ်လည်မှု(ကျဖျင်) လုပ်ငန်းများ လားရှိုးမြို့တွင် အကြီးအကျယ်လုပ်ဆောင်နေခြင်းကို တိုက်ဖျက်ပြီး ၊ကျဖျင်လုပ်ကိုင်သောတရုတ်နိုင်ငံသားများဖမ်းဆီးရရှိပါက တရုတ်သို့လွှဲပြောင်းပေးမည်ဟုအသိပေးထားသည်။

စစ်ကောင်စီလက်ထက်တွင် မူးယစ်ဆေးဝါးရောင်းဝါးသုံးစွဲမှုအပေါ် ကြပ်မတ်မှုအားနည်းခဲ့သောကြောင့်လားရှိုးမြို့တွင် မူးယစ်ဆေးဝါးအလွန်ပေါများနေပြီး ၊ဒေသခံများကလည်းမုန်းတီး၍ မူးယစ်တိုက်ဖျက်ရေးကို ဆောင်ရွက်မည်ဟုလည်းဆိုသည်။

အများပြည်သူပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီးလည်း ထုတ်ပြန်ခဲ့ရာ မူလထွေအုပ်ရုံး၊ ဘဏ်၊ဌာနနှင့် ကုမ္ပဏီစသည့် နေရာများအတွင်းသို့ အမိန့်မရဘဲ ဝင်ရောက်ပြီး ပစ္စည်းဥစ္စာရှာဖွေ ယူဆောင်ခြင်းမပြုရဟု တားမြစ် ထားသည်။အဆိုပါနေရာများအတွင်းရှိ ငွေကြေး သို့မဟုတ် ပစ္စည်းများကို မူလအတိုင်း ထိန်းသိမ်းထားရှိရမည်ဟု ထုတ်ပြန်သည်။

အများပြည်သူကို စည်းရုံးခြင်း ပြုလုပ်ရန် အချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ မိမိဆန္ဒဖြင့် ကျန်ရှိခဲ့သူများကို စုစည်းပြီး MNDAAနှင့်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ၏ မူဝါဒများကို သင်ကြားပို့ချပေးပြီး ပြည်သူလူထုနှင့် ကိုက်ညီသည့် အုပ်ချုပ်ရေးစနစ်များ ချမှတ်ပေးရန်၊ အောက်ခြေအရာရှိများ၊ ဆန္ဒအရ ကျန်နေခဲ့သည့် ရပ်ကွက်လူကြီးနှင့် အဖွဲ့မှူးများကို စုစည်းပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို အထူးဒေသ(၁) ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းထိန်းသိမ်းရန် အချက်များကိုလည်း ဖော်ပြထားသည်။

အရပ်သားများအနေဖြင့် ရန်သူ့ထောက်လှမ်းရေးများ၊ ကျဖျင်လုပ်ငန်းရှင်များနှင့် သူခိုးသူဝှက်များကို တွေ့ရှိပါက အမြန်ဆုံးသတင်းပေးရန်လည်း MNDAAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက်(၁၂)၌ရှိပြီး စစ်ကောင်စီက တပ်စွဲထားသည့် ယင်းနေရာအနီး၌ ယမန်နေ့ ညနှင့် ယနေ့(ဇူလိုင်၂၈ရက်)နံနက်အထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)၏ တိုင်းရင်းသားတပ်မဟာ(၆၁၁)က လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၆၈)ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

သတင်း

ပုဂ္ဂလိကနေအိမ်အဆောက်အအုံများမပျက်စီးစေရန် ၊ ပြည်သူများကိုကာကွယ်ရန် တပ်ဖွဲ့ဝင်များကိုအဓိကညွှန်ကြား

သတင်း

ဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် နှစ်ဖက်တပ်များနှင့် ညှိနှိုင်းဝင်ရောက်ခြင်းဖြစ်ဟု UWSA ပြော