Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို ခလရ(၂၅၈)တပ်ရင်းဂိတ်ကို PDFများ ပစ်ခတ်တိုက်ခိုက်

ဇူလိုင် ၂၆ရက် နံနက် ၁၁ နာရီခန့်က ရေစကြိုမြို့၊ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၅၈) တပ်ရင်းရှေ့ရှိ စစ်ဆေးရေး ဂိတ်ကို အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရေစကြိုပကဖမှ ရဲဘော်အချို့အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ရေစကြို ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့၊ ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကာင်စီ၏ အမှတ်(အမှတ် ၂၅၈)ခြေလျင်တပ်ရင်း၏ စစ်ဆေးရေးဂိတ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင် ၂၆ရက် နံနက် ၁၁ နာရီခန့်က ရေစကြိုမြို့၊ရေစကြို – ပခုက္ကူလမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၅၈) တပ်ရင်းရှေ့ရှိ စစ်ဆေးရေး ဂိတ်ကို အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ပကဖရဲဘော်များက ဆိုသည်။

“ကျွန်တော်တို့ အနီးကပ် မီတာ ၁၀၀လောက်အထိ ကပ်ပစ်ခဲ့တာပါ။ အဲဒီဂိတ်က ရှစ်ယောက် ကိုးယောက်လောက်ရှိတယ်။ ဒီကနေ့စုံစမ်းသိရတာကတော့ တစ်ယောက်သေ တစ်ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါဂိတ်ကို ရေစကြို – ပခုက္ကူ ကူးသန်းသွားလာနေသည့်ယာဥ်များက တစ်ကြိမ်ဖြတ်တိုင်း ဖြတ်သန်းခပေးရလေ့ရှိကြောင်း ဒေသခံများက ပြောပြသည်။

ဇူလိုင် ၉ ရက်ကလည်း ရေစကြိုမြို့နယ် ခလရ (၂၅၈)နှင့် လင်းကတော နယ်မြေရဲစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

Fact-Check

ဇူလိုင် ၂၇ ရက်၊ ၂၀၂၄ မိုးကုတ်မြို့ကိုတော်လှန်ရေးအင်အားစုတွေကိုသိမ်းပြီးတဲ့နောက် မြိုခံတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြပုံတွေ လူမှုကွန်ရက်သုံးစွဲသူတွေကြား အုံးအုံးထနေချိန်မှာပဲ မြို့သိမ်းရာမှာပါ ဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်တွေကို အစုလိုက်ရှင်းလင်းလိုက်နိုင်တယ်ဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်က အချိန်ကိုက် ဖြန့်ဝေနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Khon Sia...

သတင်း

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲကင်းအားဇူလိုင်၂၅ရက်တွင် အမှတ် (၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် (၃)အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

သတင်း

ရွာသာယာပျူစောထီးရွာစခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရွှေဘိုခရိုင်မှ ရဲဘော် ဗိုလ်ခန့်နှင့် မန္တလေးခရိုင်မှ ရဲဘော်ဇင်ကြီးတို့အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

နမ့်ဖက်ကာတွင် KIAက ရဲစခန်းဖွင့်၊ ဆွမ်ပရာဘွမ်မြို့နယ်အား KIOအုပ်ချုပ်မည်ဟု ဒေသခံများကို ရှင်းပြ