Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့တွင် စက်သုံးဆီ တန်းစီဝယ်ယူနေရ

ယမန်နေ့(ဇူလိုင်၂၉ရက်)မှစတင်ကာ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ ဆီမရ၍ဆိုကာ ပိတ်ထားခြင်း၊ ကားနှင့်ဆိုင်ကယ်များအား လိုသလောက် ရောင်းချပေးခြင်းမရှိဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေခြင်းများကြောင့် ဖွင့်သည့်ဆိုင်များအား စုပြုံတိုးဝှေ့ကာ ဝယ်ယူနေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်၌ တန်းစီဝယ်ယူသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတွင် စက်သုံးဆီဆိုင်အချို့ပိတ်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းတို့ကြောင့် ဝယ်ယူသူများ အချိန်ပေးတန်းစီကာ ပြန်လည်ဝယ်ယူနေရကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဇူလိုင်၂၉ရက်)မှစတင်ကာ မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များ ဆီမရ၍ဆိုကာ ပိတ်ထားခြင်း၊ ကားနှင့်ဆိုင်ကယ်များအား လိုသလောက် ရောင်းချပေးခြင်းမရှိဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေခြင်းများကြောင့် ဖွင့်သည့်ဆိုင်များအား စုပြုံတိုးဝှေ့ကာ ဝယ်ယူနေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရောင်းပေးတဲ့ဆိုင်က နည်းနည်းပဲ။ ကားတန်းကြီးကိုမနည်းဘူး။ အခုညနေပိုင်းဆို မြို့ထဲကဆိုင်တွေတဆိုင်မှာမရတော့ဘူးပြောတယ်။”ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရောင်းပေးသည့်ဆိုင်များကလည်း ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငါးထောင်ဖိုး၊ ကားတစ်စီးလျှင် ကျပ်ငါးသောင်းဖိုးဖြင့် အကန့်အသတ်ဖြင့်သာရောင်းချပေးကြောင်း မြို့ခံများက ဆိုသည်။

ပြင်ပတွင်လည်း ဓာတ်ဆီပေါက်စျေးများမြင့်တက်လာပြီး 92တစ်လီတာလျှင် ၄၇၀၀ ကျပ်ဝန်းကျင်ဖြစ်နေကြောင်း မြို့ခံအချို့က ပြောသည်။

အလားတူ ရန်ကုန်နှင့် မြို့ကြီးအချို့တွင်လည်း စက်သုံးဆီဝယ်ယူရခက်ခဲနေပြီး ဆီဆိုင်များ၌ တန်းစီဝယ်ယူသူများ​ပြားနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ဓာတ်ဆီအား ၎င်းတို့သတ်မှတ်နှုန်းထားအတိုင်း ရောင်းချခိုင်းထား၍ ဒေါ်လာစျေးများမြင့်တက်ကာ စျေးကမောက်ကမဖြစ်တိုင်း စက်သုံးဆီများ မကြာခဏ ဝယ်ယူရခက်ခဲလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

လူငယ်များက "တလှိုင်းပြီး တလှိုင်းလာမယ်" ၊ "We stand with 1027 Operation" ၊ "ရှမ်းမြောက်က စစ်ဆင်ရေးကို ပြသကြ" စသည့် စာသားများကိုချိတ်ဆွဲကာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ကျုံးအတွင်းမှတဆင့် ဖြန့်ဝေနေသည့် ရေမီတာမှ ရေမလာတော့၍ သောက်သုံးရေပြတ်လပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

အသတ်ခံရတဲ့ သုံးဘီးယာဉ်မောင်းဟာ အသက် ၅၀ အရွယ် ဦးညွန့်ဝင်း ဆိုသူဖြစ်ပြီး မဟာအောင်မြေမြို့ နယ် ၊မာလကာခြံ မှာနေထိုင်သူဖြစ်ပါတယ် ။

သတင်း

လူထုသပိတ်ခေါင်းဆောင် ​ဒေါက်တာ တေဇာစန်းက မန္တလေးမြို့တွင် လှုပ်ရှားမှုများဖြင့် ပြည်သူများနှင့် ပြန်လည်ထိတွေ့ခဲ့ကြောင်း ယနေ့(ဇူလိုင် ၂၂ရက်) ညဦးပိုင်း၌ ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် အသိပေးထားသည်။