Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့တွင် ၁၀၂၇စစ်ဆင်ရေးနှင့် ရှမ်းမန်း စစ်ဆင်ရေးထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်

လူငယ်များက “တလှိုင်းပြီး တလှိုင်းလာမယ်” ၊ “We stand with 1027 Operation” ၊ “ရှမ်းမြောက်က စစ်ဆင်ရေးကို ပြသကြ” စသည့် စာသားများကိုချိတ်ဆွဲကာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Anti-junta Forces Coordination Committee - Mandalay

သုည/People’s Spring

မန္တလေးမြို့ နေရာအချို့တွင် တော်လှန်လူငယ် များက ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းမန်း စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြောင်း လှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၂၉)က ပြုလုပ်ခဲ့သည်။

လူငယ်များက “တလှိုင်းပြီး တလှိုင်းလာမယ်” ၊ “We stand with 1027 Operation” ၊ “ရှမ်းမြောက်က စစ်ဆင်ရေးကို ပြသကြ” စသည့် စာသားများကိုချိတ်ဆွဲကာ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းလှုပ်ရှားမှုကို Anti-junta Forces Coordination Committee – Mandalay မှ တော်လှန်လူငယ်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

” ယခု ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးလှိုင်းတွေကို မန်းလူထုက ဝန်းရံ၊ ထောက်ခံ ကြိုဆိုလျက်ရှိကြောင်းကို ဖက်ဆစ်အာဏာရူးတွေ သောင်းကျန်းမင်းမူနေတဲ့ကြားက ရွှေမန်းမြေ အထင်ကရနေရာတွေမှာ ဖော်ဆောင်ခဲ့ပါတယ်။ အခုလို တော်လှန်လှိုင်းတွေ တလှိုင်းပြီး တလှိုင်း အင်အားကောင်းစွာ အရှိန်မပျက် လာနိုင်ဖို့အတွက် လူထုအားကို အများကြီး လိုပါတယ်။ အခုချိန်က တဖက်မှာ အရှိန်အဟုန်ကောင်းစွာ လာနေတဲ့ စစ်ရေးတိုက်ပွဲ (Arm Resistance) မျက်နှာစာနဲ့အညီ လူထုတိုက်ပွဲလှိုင်းများကိုလည်း အရှိန်မြှင့်ဖော်ဆောင်ကြဖို့ လိုအပ်လာပါပြီ”ဟု သပိတ်အင်အားစုလူငယ်များက တိုက်တွန်းခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးအဖြစ် ရှမ်းမြောက်၌ နောင်ချိုနှင့် လားရှိုးမြို့အပြင် မန္တလေးတိုင်းရှိ မိုးကုတ်နှင့် စဉ့်ကူးမြို့တို့ သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်တို့တွင် ကျုံးအတွင်းမှတဆင့် ဖြန့်ဝေနေသည့် ရေမီတာမှ ရေမလာတော့၍ သောက်သုံးရေပြတ်လပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ၃၁ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၂၅ စစ်ရေးအခြေအနေကို TNLAက အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

သေဆုံးပြည်သူများတွင် ကလေးငယ် ၁၄ဦးထက်မနည်းပါဝင်

သတင်း

အသတ်ခံရတဲ့ သုံးဘီးယာဉ်မောင်းဟာ အသက် ၅၀ အရွယ် ဦးညွန့်ဝင်း ဆိုသူဖြစ်ပြီး မဟာအောင်မြေမြို့ နယ် ၊မာလကာခြံ မှာနေထိုင်သူဖြစ်ပါတယ် ။