Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် လေးရွာဆုံပျူရွာအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်း၍ ကျေးရွာများမီးရှို့ဖျက်ဆီးခဲ့သည့် လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား PDFက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လေးရွာဆုံ ပျူရွာအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-File

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်း၍ ကျေးရွာများမီးရှို့ဖျက်ဆီးခဲ့သည့် လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား PDFက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၈ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သူံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Anyar Federal Task Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“၆လုံး ချခဲ့တယ်ဗျ။ ကောင်တာကတော့ ၆၀ မမ နဲ့ ၄ချက် ပြန်လည်ပစ်ခက်ခဲ့ပေမဲ့ ထိခိုက်မှုတော့မရှိခဲ့ပါဘူး။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လေးရွာဆုံပျူစောထီးရွာသည် စစ်ကောင်စီတ​ပ်နှင့်ပေါင်းပြီး စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီး​ခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း၊ ဇူလိုင် ၁၀ရက်ကလည်း စစ်ကောင်စီတပ်နှင့်အတူ လက်ဝဲမြင်းနီရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်ပြာကျပြီး သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ(၆)ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ဆင်ရေးကို Anyar Federal Task Force၊ Freedom Fighter Guerrilla Force (FFGF) နှင့် 8 Stars စသည့်အဖွဲ့များက Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်းအား ယနေ့ညပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ​မြို့အထွက် မြင်းခြံ - တောင်သာလမ်းပိုင်းရှိ တိုးဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုအတွင်းစစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှာရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင် ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ရမခ အခြေစိုက်ရာ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၇ရက်ညပိုင်းက စစ်ကောင်စီ၏ ခမရ(၅၀၇) တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် TNLAနှင့် အပစ်ရပ်စဲထားသော်လည်း TNLA တပ်စခန်း ရှိရာသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။