Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၂) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၂) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုရဲဘော်တွေက ဒေသခံပြည်သူတွေကို လူထုသပိတ်တိုက်ပွဲ ပြန်လည်အားကောင်းရေး အသိပညာပေးခြင်း၊ တော်လှန်ရုပ်ရှင်ပြသခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းကလည်း အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ရွှေဘိုလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၁) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မြင်းမူလူငယ်တွေ လက်တွဲကာ နွေဦးရုပ်ရှင်ပြပွဲနဲ့ စစ်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဆောင်ရန် ၊ ရှောင်ရန်၊ ပြင်ဆင်ဆောင်ရွက်ရန်တွေကို အသိပညာပေး လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။

အတွေးအမြင်

ကြိုတင်ပြင်ဆင်ပြီးထားခြင်းမရှိခဲ့ဘဲ ရုတ်တရက် မျက်နှာပြောင်တိုက်မှဖြစ်တော့မယ့် ပြဿနာတစ်ခုက နေပြည်တော်က အာဏာလုထားတဲ့ စစ်ဗိုလ်ချုပ်​တွေကြား ဇွန် ၂၀ ရက်ကစ​ရောက်လာတာပါ။

သတင်း

တည်တောရွာခံအချင်းချင်းဖြစ်ပွားသည့် ပြဿနာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် ရွှေဘိုခရိုင်တပ်ရင်း(၁၂)နှင့် ပကဖအဖွဲ့များက ကျေးရွာကို လုံခြုံရေးယူကာ အဝင်၊ အထွက် ကန့်သတ်ထားသည်။