Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲနှင့် နောင်ချိုတွင် တိုက်ပွဲဆက်ဖြစ်

စစ်​ကောင်စီက ရှမ်းပြည်​တောင်ပိုင်းမှတစ်ဆင့်​နောင်ချိုသို့ စစ်​ကြောင်းထိုး၍ ပြန်တိုက်ရန် ကြိုးစား​နေ

၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)အတွင်း စစ်ရေးဖော်ဆောင်နေသော TNLA ရဲဘော်များ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၃၉ရက်မြောက် ဩဂုတ် ၂ရက် စစ်ရေးအခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

TNLAက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကျောက်မဲမြို့ရှိ စစ်ကောင်စီ​၏ ခမရ(၅၀၁၊ ၅၀၂) တပ်စခန်းအား ယနေ့ (ဩဂုတ် ၂ရက်) နံနက်တွင် TNLA က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် ပတ္တမြားစေတီအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၇)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအနီးသို့ Y12 ဖြင့် လက်နက်ခဲယမ်းများ (၂)ကြိမ်နှင့် ဗုံး (၃၅)လုံး လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။

TNLAနှင့် စစ်ကောင်စီတို့သည် နောင်ချိုမြို့နယ် တွင်လည်း တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြသည်။ နောင်ချိုမြို့နယ် သဲခေါ်ရွာသို့ ယနေ့ နေ့လယ်ပိုင်းတွင်စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို TNLAက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာသို့စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ၁ကြိမ် လာရောက်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

TNLA ၊ မန္တလး PDF ၊ DPLA နှင့်ပူး​ပေါင်းတပ်များက နောင်ချိုမြို့ အပါအဝင် ​နောင်ချိုတစ်မြို့နယ်လုံးကို ဇူလိုင် ၁၀ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ စစ်​ကောင်စီက ရှမ်းပြည်နယ်​တောင်ပိုင်းမှတဆင့် စစ်ကူများပို့၍ ​နောင်ချိုကို စစ်​ကြောင်းထိုး တိုက်ခိုက်ရန် ကြိုးစား​နေသည်။

လက်ရှိတွင် နောင်ချိုမြို့၌ ပြန်လည်နေထိုင်သူ အနည်းငယ်ရှိလာပြီး ဈေးမှာလည်း မနက်ပိုင်းတွင် စည်ကားသည်ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

မြို့အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုလတ်တလောတွင် ဖြစ်ပွားမှုမရှိဘဲ ငြိမ်သက်နေသည်ဟု ၎င်းက ပြောသည်။

သို့သော် နောင်ချိုမြို့​၏ တောင်ဘက်ရှိ ကျေးရွာအချို့တွင် စစ်​ကောင်စီတပ်က စစ်​ကူစစ်​ကြောင်းပို့လာ၍ တိုက်ပွဲဖြစ်ပွား​နေပြီး စစ်ကောင်စီတပ်က တောင်းခမ်းကျေးရွာ၌ တပ်စွဲအင်အားဖြည့်တင်းနေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

ဇူလိုင် ၃၁ရက်ကလည်း နောင်ချိုမြို့နယ် တောင်းခမ်းရွာနှင့် အနည်းငယ်ဝေးကွာသော ရွှေမုဠောရွာသို့ စစ်အင်ဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် TNLA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စစ်ကောင်စီသည် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်ထိုးစစ်ဆင်ရန် ရှမ်းပြည်တောင် ပိုင်း ရပ်စောက်မြို့မှတဆင့် နောင်ချိုလမ်းကြောင်းသို့ အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ဝေသည့် ဇူလိုင်ထုတ် စာစောင်ကိုဩဂုတ် ၂ရက်တွင် ဖော်ပြခဲ့ရာ အယ်ဒီတာအာဘော်တွင် စစ်ကောင်စီတပ်မှ စစ်ဥပဒေစည်းမျဉ်းများ လိုက်နာခြင်းမရှိသည့် အခြေအနေကို ရေးသားထားခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် လောက်ကိုင်နှင့် သိန္နီမြို့တို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ တစ်လတာအတွင်း အရပ်သား ၁၄ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

သတင်း

ရှေ့တန်းတပ်များက ကယ်ဆယ်ခဲ့သည့် အဆိုပါ အမျိုးသားမှာ (၂၄)နှစ်အရွယ်ဇော်မျိုးအောင် ဆိုသူ ဖြစ်ပြီး လားရှိုးမြို့၌ ပန်းရံလုပ်​နေသူဖြစ်ကြောင်း၊ ၎င်းကို ချင်းရွှေဟော်ဆေးရုံသို့ ဆက်လက်​ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။