Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIO/KIA ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီ လေယာဉ် ဗုံးကြဲ၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဒဏ်ရာရ

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်စဉ် တရုတ်နိုင်ငံဘက်က နယ်စပ်လုံခြုံရေး မီးကျည်ပစ်ဖောက်ခြင်း၊ တိုက်လေယာဉ်ဝဲပျံစောင့်ကြည်မှု ရှိခဲ့

လိုင်ဇာမြို့ကို အ​​ဝေးမှ ​တွေ့ရစဥ်။ ဓါတ်ပုံ-AP

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီးဝန်းကျင် နေရာများကို စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင်လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ယမန်နေ့ ဩဂုတ် ၇ရက်ည ၁နာရီခန့်တွင် စစ်ကောင်စီ၏ Y12ဟု ယူဆရသည့် လေယာဉ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဆိုသည်။

“ဗုံးလာကြဲတဲ့နေရာက အဓိကတော့ မုန်လိုင်ခက်တို့ မိုင်ဆက်ပါတို့ အဲဒီနေရာမှာ ဗုံးလာကြဲတာရှိပါတယ်။ မိုင်ဆက်ပါမှာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာလည်း သူတို့ ဗုံးတွေကျပြီးမှ ဘုရားကျောင်းတချို့ပျက်စီးသွားတာ ရှိပါတယ်။ နောက် ပြည်သူလူထုရဲ့အိမ်တချို့မှာ ဗုံးကျပြီးမှ ပျက်စီးသွားတာ နောက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ဒဏ်ရာရတယ်လို့ ကြားရတယ်။ ဒါပေမဲ့ ဘယ်လောက်ပြင်းထန်တယ်ဆိုတာ ကျနော်တို့ လေ့လာနေတုန်းပဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့သည့် လိုင်ဇာအနီးဝန်းကျင်သည် တိုက်ပွဲဖြစ်ပွားမှု မရှိသကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားနေရာယူမှုလည်းမရှိကြောင်း ၎င်းက ရှင်းပြသည်။

“ ဒါပေမဲ့ သူတို့ အမြဲတမ်းဆိုသလို ပြည်သူလူထု အိမ်တွေ နောက်စာသင်ကျောင်းတို့ ဘုရားကျောင်းတို့မှာ သူတို့က အစီအစဉ်ရှိရှိနဲ့ ပစ်တာကတော့ အမြဲတမ်းသူတို့ လုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့်များ အခုလိုမျိုးကျနော်တို့ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာ ပစ်တာလားလို့ အဲဒါ ကျနော်တို့ သုံးသပ်တာပါ။ နောက် မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်က မြို့သစ် ၊ ကုန်းလော ဘက်မှာလည်း ရွာတွေမှာ ဗုံးကြဲတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။” ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် KIAနှင့် စစ်ကောင်စီတပ်တို့သည် မိုးမောက်မြို့နယ် ခမရ(၄၃၇) တပ်ရင်းနေရာ၌သာ တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

“တခြားနေရာတော့မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ညက စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ချိန်တွင် တရုတ်နိုင်ငံဘက်ကလည်း ၎င်းတို့ နယ်စပ်လုံခြုံရေးအတွက် မီးကျည်ပစ်ဖောက် အချက်ပြမှု ပြုလုပ်ခဲ့သည်ဟုဆိုသည်။

“တရုတ်ပြည်ဘက်ကလည်း သူတို့ရဲ့ နယ်စပ်လုံခြုံရေးအတွက် အချက်ပြတဲ့ မီး အချက်ပြ ပစ်ဖောက်တာတွေလည်းရှိတယ်။ နောက်သူတို့ လေယာဉ်တွေလည်း ဝဲပြီးမှစောင့်တာတွေတော့ တွေ့ရပါတယ် ကြားရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီသည် ရှမ်းမြောက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများဖြစ်သော လောက်ကိုင်၊ သိန္နီ၊ နမ့်ဆန်၊ ကွတ်ခိုင်မြို့နယ်များကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက အ​ရေး​ပေါ်အသုံးပြုရန် ချမ်းမြသာစည်လေယာဥ်ကွင်းဟောင်းကိုပါ ပြန်လည်ပြင်ဆင်​​နေ

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။