Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယောဒေသ ABSDFစစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနားပြုလုပ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ(၃၆) နှစ်မြောက် အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စစ်ကြောင်း(၃)က သတင်းထုတ်ပြန်သည်။

ထားမြတ်/People’s Spring

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ(၃၆) နှစ်မြောက် အခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စစ်ကြောင်း(၃)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၈ရက်) ကျရောက်သည့် အခမ်းအနားကို ABSDF အမှတ်(၃) စစ်ကြောင်း၊ အမှတ်(၁၂) တပ်ရင်း ယောဒေသ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။

အခမ်းအနားတွင် မြန်မာပြည် ဒီမိုကရေစီအရေး တိုက်ပွဲများတွင် အသက်စွန့်ခဲ့လေပြီးသော အာဇာနည် သူရဲကောင်းအပေါင်းအား ဦးညွှတ်အလေးပြုခြင်းနှင့် ABSDF ဗဟို၏ ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့် ကြေညာချက်အား ဖတ်ကြားခြင်းပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအကြောင်း ဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု ABSDF စစ်ကြောင်း(၃)က ထုတ်ပြန်သည်။

ABSDF ဗဟို၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးအတွက် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲအရှိန်ကို မြှင့်တင်ကြရန် တိုက်တွန်းတောင်းဆိုထားသည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ မပြီးပြတ်သေးသည့် လူထု၏ နိုင်ငံရေး တောင်းဆိုချက်များမှသည် လက်ရှိနွေဦးတော်လှန်ရေး တောင်းဆိုချက် များ အောင်မြင်ရန် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရန် လိုအပ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ တစ်နေရာတွင် တော်လှန်လူငယ်များက ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှု ယနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ကာ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့အဖြစ် ပုန်ကန်အံတုရန်ကုန်လူထု လှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့ကြသည်။

သတင်း

အဆိုပါရဲစခန်းကို KIA၊ KPDFနှင့် ကျောင်းသားတပ်မတော်(ABSDF)ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပုဂ္ဂလိက စီးပွားရေးနယ်ပယ်ကိုလည်း နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဖိနှိပ်မှုတို့ကြောင့် မြန်မာ့စီးပွားရေး နယ်ပယ်သည်လည်း ပြန်လည်ဦးမော့စေရန် ခက်ခဲနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဖော်ပြသည်။