Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့နယ်မှကျေးရွာများကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲ၍ အရပ်သား ၁ဦးသေ၊၁၀ ဦးကျော် ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိကျေးရွာများသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်​ကောင်စီ၏ ဖိုက်တာ ဂျက်​လေယာဥ် ၂ စင်း စစ်တပ်အာဏာမသိမ်းခင်က​လေကျင့်ပျံသန်းစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိကျေးရွာများသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဩဂုတ် ၈ရက် မနက်အစောတွင် စစ်ကောင်စီကမြစ်ကြီးနား – ဗန်းမော် လမ်းပိုင်းရှိ ကုန်းလော၊ မြို့သစ်၊ စီဟက်ကျေးရွာ များ၌ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကာ ၁ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

အဆိုပါ ဒေသရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို KIAက မတ်လအတွင်းက စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားပြီး လက်ရှိတွင်လည်း မိုးမောက်၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ ခမရ(၄၃၇)တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် KIA ဌာနချုပ် လိုင်ဇာအနီး ဒေသများသို့လည်း ဩဂုတ် ၈ ရက်မနက်အစော(ဩဂုတ် ၇ရက် ညသန်းခေါင်​ကျော်)တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှု နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

KIA ဌာနချုပ် လိုင်ဇာအနီးရှိ မိုင်ဆက်ပါကျေးရွာ၊ KBC ဘုရားကျောင်း၊ မုန်လိုင်ခတ်ကျေးရွာ အနီးတ၀ိုက် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်း၊ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းအား ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူး အပါအဝင် သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က သြဂုတ် ၈ ရက်ည​နေပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မြို့ခံများကပြောသည်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက ဧည့်စာရင်းလိုက်လံစစ်ဆေးနေပြီး ပြည်သူအချို့ဖမ်းဆီးခံနေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရပ်စောက်မြို့နယ်တွင် ယနေ့ (သြဂုတ် ၈)တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် မှ ကိုးဦးသေဆုံးပြီး စစ်သုံ့ပန်း ရှစ်ဦးဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။