Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးအသုံးပြုရန်ပြုပြင်နေသော ပခုက္ကူလေဆိပ်အား PDFများ တိုက်ခိုက်

စစ်ကောင်စီက စစ်ရေးအသုံးပြုရန်အတွက် ပြန်လည်ပြုပြင်နေသော ပခုက္ကူလေဆိပ်အား လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

၂၀၂၃အတွင်းက ပခုက္ကူလေဆိပ်ရှေ့၌ PDF များ လေဆိပ်ရှေ့၌ဓာတ်ပုံရိုက်ကူးနေစဥ်။ ဓာတ်ပုံ - CJ

ဟာနာဆန်/People’s Spring

စစ်ကောင်စီက စစ်ရေးအသုံးပြုရန်အတွက် ပြန်လည်ပြုပြင်နေသော ပခုက္ကူလေဆိပ်အား လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ပခုက္ကူလေဆိပ် ပြန်လည်တည်ဆောက်ရေးအတွက် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထား၍ သြဂုတ် ၄ ရက်မှ ၇ ရက်အတွင်း မောင်းသူမဲ့လေယာဥ်ငယ်များ၊ ဒရုန်းများဖြင့် လက်နက်ကြီးအလုံးရေ ၁၃၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် လေဆိပ်တာဝန်ကျ မကွေးမြို့ရဲတပ်ရင်းမှ ရဲသုံးဦး ဆေးရုံ၌ ကုသနေရကြောင်း သိရသည်။

“တင်ဒါက မအလသား ကုမ္မဏီပိုင်ပဲ။ ပြီးခဲ့တဲ့ လကနေစပြီး ပြင်ဆင်တာပါ။”ဟု ကိုအောင်မောင်းက ပြောသည်။ ပခုက္ကူလေဆိပ် ပြင်ဆင်နေသည့်ကုမ္ပဏီအမည်ကို စုံစမ်းနေပြီး လက်တလောမသိရသေးပေ။

ပခုက္ကူလေဆိပ်ပြုပြင်ရေးပါဝင်သော အလုပ်သမားများအနေဖြင့် ဆက်လက် လုပ်ကိုင်ခြင်း မပြုရန် Southern YSO PDFက တားမြစ်ထားသည်။

ပခုက္ကူလေဆိပ်တွင် လေယာဉ်ပြေးလမ်းများအတွက် ကျယ်ဝန်းသည့် မြေဧရိယာရှိသည့်အပြင် ပုဂံ၊ ညောင်ဦးလမ်းများနှင့်လည်း ဆက်သွယ်ထားသည်။

လေဆိပ်စစ်ဆင်ရေးကို Southern YSO PDF၊ ရေစကြို ပလဖ၊ MPL တိုက်နယ်(၄) ပကဖ၊ အညာမုန်တိုင်း၊ TKGF၊ Gen 1၊ ဒေါင်းနီ ပကဖ၊ ရွှေဟင်္သာ လက်နက်ကြီး၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီနောင်၊ပြည်သူ့အားမာန်- PDF၊ King Corba အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ မန္တလေးမြို့တွင်လည်း ချမ်းမြသာစည်လေဆိပ်ဟောင်းအား စစ်ကောင်စီက စစ်ရေးအသုံးပြုရန် ပြန်လည်ပြင်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းချရာ ဝက်ပုတ်ရွာပျူစောထီးစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(သြဂုတ် ၈ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ အစွန်အဖျား ဒေသတစ်ခုမှာ စစ်ရေးအရ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

သတင်း

TNLA ဦး​ဆောင်တဲ့ ​တော်လှန်​ရေးတပ်​တွေက ​ကျောက်မဲမြို့မှာ​နောက်ဆုံးကျန်တဲ့ စစ်ဆင်​ရေးကွပ်ကွဲမှုဌာနချုပ် (စကခ) ၁ ၊ အမှတ် ၅၀၁၊ ၅၀၂ ​ခြေမြန်တပ်ရင်း​တွေကို သြဂုတ်လ ၅ ရက်ည ၁၀ နာရီ​ကျော်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။