Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်၍ နေအိမ်အများအပြား မီးလောင်

မန္တလေးတိုင်း၊ မြင်းခြံမြို့အမှတ်(၁၅)ခြေမြန် တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျပြီး ပျက်စီးသွားသောနေအိမ်နှင့် သေဆုံးသွားသော နွားများအား တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေညာမြေ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့အမှတ်(၁၅)ခြေမြန် တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်​နေ့(သြဂုတ်၉ရက်) နေ့လယ်ပိုင်းက မြင်းခြံ အမှတ်(၁၅)တပ်မှ လက်နက်ကြီး​ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့၍ ညောင်ပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲရာ ​​နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် (၄၀)အရွယ် မအေးမာဆိုသူမှာ ဒဏ်ရာရရှိသွား၍ မန္တလေးမြို့သို့ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ခိုင်းနွားတစ်ကောင်သေဆုံးကာ တစ်ကောင်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထို့အပြင် ည ၁၀နာရီခန့်ကလည်း စစ်တပ်က လက်ဝဲနှင့် မြင်းနီကျေးရွာကို လက်နက်ကြီး နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တစ်လုံးက နေအိမ်တစ်အိမ်ရဲ့အုတ်တံတိုင်းကိုမှန်ပြီး ပြိုကျတယ်။ နောက်တစ်လုံးက အိမ်တစ်အိမ်က နွားစာတဲပေါ်ကျတော့ မီးလောင်ပြီးတော့ အကုန်ကူးသွားပြီး အိမ် ၂၀၊ ၂၅လောက် တော့ ပါသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မြင်းခြံမြို့ပေါ်ရှိ စစ်ကောင်စီတပ် စခန်းနေရာများအား ယနေ့ နံနက်၄နာရီခန့်မှစတင်၍ PDFများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ထိခိုက်မှုမသိရသေးကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံအပြင် နွားထိုးကြီးမြို့နှင့် တောင်သာမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်အား PDFများက တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ပြင်ဘက်ရှိတပ်ရင်းထဲသို့ ဆုတ်ခွာသွားပြီး မြို့မထိခိုက်စေရေးအတွက် လက်နက်ချရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကမ်းလှမ်းညှိနှိုင်းနေကြောင်း သတင်းရရှိသည်။

သတင်း

"ကျနော်တို့ အပြည့်အ၀သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေရှိတယ်။ စစ်ကောင်စီ တပ်တွေမလှုပ်နိုင်အောင် မြို့ပြင်ထွက်မလာနိုင်အောင် ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မြို့တွေရှိတယ်။ တော်လှန်စစ်အနှံ့အပြား ပေါ်ပေါက်နေတဲ့မြို့တွေရှိမယ်။ ပြီးရင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့တွေရှိမယ်"

သတင်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၁၀ရက်) နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာ

တရုတ်နိုင်ငံက ဆိပ်ကမ်းတစ်ခုမှာ ကုန်တင်သင်္ဘောတွေ မီးလောင်ရာက ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။