Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာမြို့နယ်တိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကောင်စီခန့်အုပ်ကြီး ကိုယ့်ဗုံးဖြင့်ကိုပေါက်ကွဲပြီး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာတိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုယ့်ဗုံးဖြင့်ကို ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဝဲလောင်ရွာခွဲရုံရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-စကစ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ရွာတိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုယ့်ဗုံးဖြင့်ကို ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၁၀ရက်) နံနက်က ဝဲလောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသတွင်းPDFများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုအချိန် ဝဲလောင်ရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တင်ထွန်းနိုင်ဆိုသူသည် ထွက်ပြေးရာမှ ၎င်းကိုင်ဆောင်ထားသော လက်ပစ်ဗုံးပေါက်ကွဲပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ဂိတ်၀င်တိုက်ချိန် ကြောက်ပြေးပြေးရင်းကွဲသေတာပါ။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ​၏ တပ်ကြပ်ကြီးတစ်ဦး သေဆုံးကာ ပျူစောထီး ၄ဦး ဖမ်းဆီးခံရကြောင်း စစ်ကောင်စီတယ်လီဂရန်ချန်နယ်များက ရေးသားသည်။

ယမန်နေ့က မြင်းခြံခရိုင်အတွင်း မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနှင့် မြင်းခြံခရိုင်အတွင်းရှိ နွားထိုးကြီး၊တောင်သာ တပ်ရင်းတပ်ဖွဲ့များ ၊ LPDF ၊ ပကဖပူးပေါင်းတပ်ဖွဲ့ဝင်များသည်မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင် စစ်ဆင်ရေးများတပြိုင်နက်ပြုလုပ်ခဲ့သည်။

အထူးစစ်ဆင်ရေးအတွင်း နွားထိုးကြီးမြို့ပေါ် ၌ စစ်ကောင်စီတပ် ထိခိုက်မှုများပြီး မြို့ပေါ်မှပင်ဆုတ်ခွာသွားကာ လက်နက်ခဲယမ်းများ၊ သုံ့ပန်းများလည်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဝဲလောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၆ဦးသေဆုံးပြီး သေနတ် ၃လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

ဖမ်းမိစစ်သုံ့ပမ်းသည် စစ်မှုထမ်းသင်တန်းတက်ပြီး ဆီဆိုင်သို့ အပို့ခံရသည်မှာ တစ်လပင် မပြည့်သေးဟုဆို

သတင်း

မန္တလေးတိုင်း ၊ နွားထိုးကြီး ၊မြင်းခြံ နှင့် တောင်သာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကပါပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဆောင်းပါး

လျှပ်စစ်မီးပြတ်တောက်နေသော မန္တလေးမြို့၏ ညဦးပိုင်းတွင် ထမင်းစားပြီး၍ အိမ်ရှေ့ထွက်လာသော အသက် ၄၀ အရွယ် ကိုအောင်အောင်တစ်ယောက် သူ့ခေါင်းပေါ် ကောင်းကင်ထက်မှ ဝေါခဲနဲဖြတ်မောင်းသွားသော လေယာဥ်ပျံသံကို ကြားလိုက်ရသည်။