Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ၍ ပြည်သူများသတိထားရန် CDF မင်းတပ် သတိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်လေကြောင်းပျံသန်းမှုများ ဆက်တိုက်ပြုလုပ် နေ၍ လေကြောင်းသတိထားရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်က ယနေ့ (ဩဂုတ် ၁၁ရက်)ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်နေသော စစ်ကောင်စီ​၏ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်လေကြောင်းပျံသန်းမှုများ ဆက်တိုက်ပြုလုပ် နေ၍ လေကြောင်းသတိထားရန် ချင်းဒေသကာကွယ်ရေးတပ်(CDF) မင်းတပ်က ယနေ့ (ဩဂုတ် ၁၁ရက်)ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများ ဆက်တိုက် ပြုလုပ်လျက်ရှိနေ၍ CDFမင်းတပ်က ပြည်သူများသို့ထပ်လောင်း အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ သတိပေးချက်ထုတ်ပြန်ပြီးနောက် ယနေ့ နေ့လယ် ၁၂နာရီခန့်တွင် မင်းတပ်မြို့တိုက်နယ်(၁)ဘက်ရှိ ကျေးရွာတစ်ရွာကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

ယနေ့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း စာသင်ကျောင်း၊ အရပ်သားနေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး လူထိခိုက်မှုရှိ၊မရှိကို ဖော်ပြထားခြင်းမရှိပေ။

စစ်ကောင်စီသည် ဩဂုတ် ၃ရက် ညနေပိုင်းကလည်း မင်းတပ်မြို့အရှေ့ဘက်သို့ ရမ်းသမ်း၍ လက်နက်ကြီး ပစ်ခတ်ခဲ့၍ (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ ၅နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ဒေသသတင်းရင်းမြစ်က အသိပေးထားသည်။

“ယခုမနက် မင်းတပ်နယ်ဖြတ်ပြီး အနောက်ဘက်သို့ ဂျက်ဖိုက်တာများ ခပ်စိပ်စိပ်ပျံဝဲနေပါတယ်။ အစစအရာရာ ဂရုစိုက်ကြပါ”ဟု ဒေသခံက သတိပေးထားသည်။

စစ်ကောင်စီအနေဖြင့် မင်းတပ်မြို့နယ်ကို လေကြောင်း ၊လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလပ်လျက်ရှိရာ ၂၀၂၄ ပထမနှစ်ဝက် ၆လတာအတွင်း လေကြောင်း တိုက်ခိုက် မှု ၈၆ကြိမ်ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုများရှိခဲ့ဟု CDFမင်းတပ်က ထုတ်ပြန်ထားသည်။

(ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်နေသော စစ်ကောင်စီ​၏ တိုက်လေယာဉ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ – HKL-Mindat)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားပြီး စစ်သုံ့ပန်း ၅ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF အဖွဲ့၏တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

သတင်း

မုံရွာ - မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး မှန်လုံယာဥ်တစ်စီး တိမ်းမှောက်ပျက်စီးသွားကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့ တွင် စစ်​ကောင်စီက အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့​သော MNDAA အ​ကြောင်း မ​ကောင်း​ရေးသား၍ ကိုးကန့်တိုင်းရင်းသားများက ကန့်ကွက်သည်ဆို​သောစာများအား မြို့အနှံ့ လိုက်လံကပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဝဲလောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၆ဦးသေဆုံးပြီး သေနတ် ၃လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။