Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတွင် စစ်ကောင်စီ၏ လူမျိုးရေးသွေးတိုးလှုံ့ဆော်မှုများသတိထားရန် CRMHနှင့် AFCC- MDY အသိပေး

မန္တလေးမြို့တွင် စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး သွေးတိုးလှုံ့ဆော်မှုများပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် သတိထားရန် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)နှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy)တို့က အသိပေးချက် ထုတ်ပြန်သည်။

သတိုး/People’s Spring

မန္တလေးမြို့တွင် စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး သွေးတိုးလှုံ့ဆော်မှုများပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် သတိထားရန် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)နှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy)တို့က အသိပေးချက် ထုတ်ပြန်သည်။

“ပြည်သူ့တော်လှန်ရေးကြီးတွင် မျက်နှာစာတိုင်း၊ တိုက်ပွဲတိုင်း၌ အရှုံးကြီး ရှုံးနေသော ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုသည် ယခုအခါ မန္တလေးမြို့ အပါအဝင် တနိုင်ငံလုံးတွင် လူမျိုးရေး၊ ဘာသာရေး အခြေပြု တင်းမာမှုများ၊ အဓိကရုန်းများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်မှုများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။ ထို့ပြင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည် တယ်လီဂရမ်(Telegram Channel) အပါအဝင် ၎င်းတို့၏ ဝါဒဖြန့်ချိရေးလမ်းကြောင်းများတွင် တရုတ်ဆန့်ကျင်ရေး၊ ကိုးကန့်ဆန့်ကျင်ရေး လူမျိုးရေး အမုန်းစကားများ၊ သွေးထိုးစကားများကို ရည်ရွယ်ချက်ရှိရှိ ကြံစည်၊ ဝါဒဖြန့်နေသည်ကိုလည်း တွေ့ရှိရပါသည်။”ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တွင် ယခင်ကတည်းက တရုတ်လူမျိုးများနှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လူမျိုး‌ရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုများလုပ်‌ဆောင်မှုအပေါ် အပြင်းအထန် ရှုတ်ချကြောင်း အထက်ပါအဖွဲ့များက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်သည့် အကြောင်းအရာများကို သတင်းအချက်အလက် ခိုင်မာမှုကိုစစ်ဆေးခြင်း၊ သက်သေမခိုင်လုံ အတည်မပြုနိုင်သည့် အကြောင်းအရာများကို ဖြန့်ဝေခြင်းမပြုခြင်း ၊ ယင်းသတင်းများအပေါ် တုန့်ပြန်မှုမပြုလုပ်ခြင်းနှင့် မတူကွဲပြားသည့် လူမျိုး ၊ ဘာသာများကြား၌ ချစ်ကြည်ရင်းနှီးမှု ကိုတည်ဆောက်ကြရန် အထက်ပါအဖွဲ့များက တိုက်တွန်းထားသည်။

“အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု၏ အာရုံလွှဲ၊ သွေးထိုးလှုံဆော်မှုများအပေါ် သတိချပ်ကာ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံး လက်ရှိ ဖော်ဆောင်ဆင်နွှဲလျက်ရှိသော ပြည်သူ့တော်လှန်ရေးကြီး ခရီးဆုံးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိရေးကိုသာ ဆက်လက်ရှေးရှုချီတက်ကြပါရန်။”ဟုလည်း အကြံပြုထားသည်။

စစ်‌ရေးမျက်နှာစာတိုင်းတွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ နေ့စားဖြင့် လူများခေါ်ယူကာ လူထုထောက်ခံပွဲဟု အမည်တပ်ထားသည့် ဆန္ဒပြပွဲများကို ပြုလုပ်လျက်ရှိသည်။

ဩဂုတ် ၃ ရက်တွင် စစ်ကောင်စီ​၏ အရေးပါသော လားရှိုးမြို့အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်လွှတ်ဆုံးရှုံးခဲ့ရသောကြောင့် အဆိုပါ ဌာနချုပ်အား သိမ်းပိုက်ခဲ့သည့် ကိုးကန့်တပ်မတော်(MNDAA)အား ဆန့်ကျင်ရှုတ်ချကြောင်းနှင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်နှင့်အခြားမြို့တို့၌ သြဂုတ်ပထမပတ်တွင် ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက လယ်မြေတွေဆီ ရေလွှတ်မပေးတဲ့အတွက် တောင်သူတွေစပါးမစိုက်ပျိုးနိုင်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ အထိုင်စခန်းသို့ အင်အားဖြည့်ရန်လာသော စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက် ခိုက်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန် ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

နေပြည်တော်အာဏာရပ်ဝန်း အလှုပ်အယမ်းသတင်းများထွက်ပေါ်ချိန်နှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် ယခု ဩဂုတ်အတွင်း တိုက်ပွဲ အကြိမ် ၆၀နီးပါးဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။