close
Connect with us

Hi, what are you looking for?

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံ လာမယ်

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် ဦးဆောင်တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံအခြေအနေကို လာရောက် ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်။ ဓာတ်ပုံ - Bernama

သြဂုတ်-၉၊ ၂၀၂၅။ People’s Spring

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် ဦးဆောင်တဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံအခြေအနေကို လာရောက် ကွင်းဆင်းလေ့လာမယ်လို့ သိရပါတယ်။

အဲဒီခရီးစဥ်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေလည်း လိုက်ပါမှာဖြစ်ပြီး စစ်ကောင်စီက ပြီးခဲ့တဲ့လကုန်မှာ နိုင်ငံတော်အရေးပေါ်အခြေအနေရုတ်သိမ်းအပြီး အုပ်ချုပ်ရေးအဖွဲ့သစ်ရဲ့ အခြေအနေကို အာဆီယံကိုယ်စားလှယ်အဖွဲ့က လေ့လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ နိုင်ငံတော်အရေးပေါ် အခြေအနေကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ပေမယ့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ ရာထူးနဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာ ဥက္ကဋ္ဌ ရာထူးယူထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဖွဲ့နာမည်ပြောင်းလိုက်ပေမယ့် နိုင်ငံရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အမြင့်ဆုံးအာဏာသုံးရပ်စလုံးကို တစ်ဦး ချုပ်ကိုင်ထားဆဲပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မယ့် အာဆီယံကိုယ်စားလှယ်အဖွဲ့ကတော့ အောက်တိုဘာမှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမတိုင်မီမှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး စက်တင်ဘာ ၁၉ရက်မှာ လာရောက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

“မြန်မာဟာ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာချက်ကို ရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမဲ့ မြို့နယ်ပေါင်း ၆၃ ခုက အရေးပေါ်အခြေအနေ အုပ်ချုပ်မှုအောက်မှာပဲ ရှိပါသေးတယ်။ ကျွန်တော်အနေနဲ့ လာမယ့် အောက်တိုဘာမှာ အာဆီယံခေါင်းဆောင်တွေကို အစီရင်ခံဖို့ ပိုမိုရှင်းရှင်းလင်းလင်း သိရဖို့ လိုအပ်ပါတယ်” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ကိုးကား – Bernama

ဆက်စပ်သတင်းများ

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့မှာ ဒီနေ့(ဇန်နဝါရီ ၁၉ရက်)မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ ဦးဆောင်မှုနဲ့အတူ ပထမဆုံးအကြိမ် အရေးပါတဲ့ အစည်းအဝေးဖြစ်လာပါတယ်။