close
Connect with us

Hi, what are you looking for?

သတင်း

စက်စက်ယိုရွာတိုက်ပွဲ စစ်ကောင်စီအထိနာပြီးပြန်ဆုတ်

အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာကိုလေကြောင်းအကူအညီဖြင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ပိတ်ဆို့တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

သြဂုတ်-၉၊၂၀၂၅။မိထက်/People’s Spring

အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာကိုလေကြောင်းအကူအညီဖြင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ပိတ်ဆို့တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

စက်စက်ယိုကျေးရွာကို ဇူလိုင်လကုန်မှစ၍ စစ်ကောင်စီကစစ်ကြောင်းထိုးခြင်းဖြစ်သည်။ ဩဂုတ်လ လဆန်းတိုက်ပွဲ၌ စစ်ကောင်စီ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု လေးမျက်နှာ ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

“စစ်တပ်ကကွင်းကောက်၊ ဟင်္သာတဘက်ကနေ အင်အားတောက်လျှောက်ပို့တယ်။လေကြောင်းကနေတိုက်တာကလည်း ဖိုက်တာရော၊ ပါရာမော်တာရော၊ ဒရုန်းပါ ပါတယ်။ အခုကတော့ စစ်တပ်ပြန်ဆုတ်သွားလို့ ငြိမ်နေတယ်”ဟု၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦးထက်မနက်သေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။ ရုပ်လောင်းများကို ကွင်းကောက်မြို့ရှိ အုတ်တွင်းကျေးရွာသုသာန်တွင် ‌စစ်ကောင်စီက လုံခြုံရေးယာဉ်တန်းဖြင့် လာရောက်သဂြိုလ်သွားကြောင်း သိရသည်။

လက်ရှိတိုက်ပွဲများအတွင်းစစ်ကောင်စီဘက်မှ ထိခိုက်မှုကို အသေးစိတ်အတည်ပြုနေဆဲဖြစ်သည်။

ပြီးခဲ့သည်မတ်လကတိုက်ပွဲများတွင်လည်းသေဆုံးခဲ့သည့်စစ်ကောင်စီအရာရှိအပါအဝင်ရုပ်အလောင်းငါးလောင်းကိုအဆိုပါသုသာန်၌သင်္ဂြိုဟ်ခဲ့ဖူးသည်။

ရခိုင်ရိုးမနှင့်ဆက်စပ်နေသောလေးမျက်နှာမြို့နယ်မှစက်စက်ယိုကျေးရွာအပါအဝင် ရွာအချို့ကို AAနှင့် PDFက ပြီးခဲ့သည့် မေလတိုက်ပွဲများအတွင်း ထိန်းချုပ်ခဲ့သည်။ ယင်းနေရာများသည် ပုသိမ်-မုံရွာလမ်းဘေး၌ ရှိသည်။ တိုက်ပွဲနေရာများသည်ပုသိမ်-မုံရွာလမ်းနှင့်လည်း နီးသည်။ ပုသိမ်-မုံရွာလမ်းသည် ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းအထိဖောက်လုပ်ထားပြီးAAအပါအဝင်တော်လှန်ရေးတပ်များက လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည်။

ဤတိုက်ပွဲကြောင့်ဒေသခံများ၏လုံခြုံရေးအန္တရာယ်များ စိုးရိမ်ရသည့်အတွက်အသွားအလာများ သတိထားကြရန် ရေကြည်ပကဖအပါအဝင် ကာကွယ်ရေးတပ်များက သတိပေးထားသည်။

တိုက်ပွဲများပြင်းထန်ခဲ့စဉ်က စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှ ပြင်းထန်သည့်ပေါက်ကွဲသံများကို ဟင်္သာတ၊ အင်္ဂပူ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ဓနုဖြူမြို့ပေါ်များမှပါ ကြားခဲ့ရကြောင်းမြို့ခံများကပြောသည်။ အဆိုပါမြို့များသည်တိုက်ပွဲဖြစ်ပွားနေသည့်နေရာများနှင့် ၁၀ မိုင်မှမိုင်၂၀ကြား ကွာဝေးသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း၌ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်အုပ်စုရှိ သရက်ပင်ကြီးစုရွာ၌လည်း စစ်ရေးတင်းမာနေပြီးဩဂုတ်လ၆ရက်ညအထိ ပစ်ခတ်သံများကြားနေရသည်။ သြဂုတ်လ၇ရက်မှစ၍ တိုက်ပွဲငြိမ်သက်နေပြီး သီတာကုန်းပြင်အုပ်စုရှိ အမြောက်တပ်(အမတ-၃၄၄)ကို AAနှင့် ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်နေသလို စစ်ကောင်စီကလည်း လက်နက်ကြီးပြန်လည်ပစ်ခတ်နေသည်ဟု ရေကြည်မြို့ခံတစ်ဦးကပြောသည်။

ရေကြည်နှင့်လေးမျက်နှာမြို့သည် နယ်မြေချင်းဆက်စပ်နေပြီး တိုက်ပွဲဧရိယာနှင့် ပတ်ဝန်းကျင်မှကျေးရွာ ခုနစ်ရွာထက်မနည်း တိမ်းရှောင်နေကြရသည်။ရိုးမအခြေမှကျေးရွာများတွင် စစ်ကောင်စီက အရပ်သားအချို့အား PDFဟု စွပ်စွဲ၍ဖမ်းဆီးသတ်ဖြတ်ခြင်းများ ရှိခဲ့သည်။

အမတ (၃၄၄)နှင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှလက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာများမှ အိမ်ခြေအဆောက်အအုံနှင့် အရပ်သားများအား စစ်ကောင်စီကလေယာဉ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းအမှတ် (၂၉) နည်းဗျူဟာ၊ ဧရာဝတီPDFက ပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကန့်ကွက်တားဆီးရေးအပါအဝင် အသစ်ဖွဲ့စည်းသည့် စစ်ကော်မရှင်အဖွဲ့သစ်ကိုပါ ဖြိုခွဲနှိမ်နှင်းကြရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က တိုက်တွန်းလိုက်သည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်းခန်းကျေးရွာအနီး ကသာ-ဗန်းမော်လမ်းပိုင်းရှိ စင်းခန်းတံတား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေမှုရှိသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်က အဆိုပါ တံတားပေါ်မှ စစ်သင်္ဘောများ ပစ်ခတ်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြလာသည်။

သတင်း

မတရားထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၏သမီး မမိုးဆန်းစုကြည် သည် ဩဂုတ် ၇ရက်က လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီက အမှုထပ်တိုးကာ ထပ်မံဖမ်းဆီးလိုက်သည်။

သတင်း

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို စစ်ကောင်စီကဖယ်ရှားရှင်းလင်းလိုက်ပြီလို့ ပဲခူးမြို့ခံတွေကပြောပါတယ်။