close
Connect with us

Hi, what are you looking for?

သတင်း

အထောက်အပံ့ ရပ်ဆိုင်းမှုကြောင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်တွေ အခက်ကြုံနေကြောင်း HRW သတိပေး

နိုင်ငံတကာ အထောက်အပံ့တွေ ရပ်ဆိုင်းသွားခြင်းကြောင့် ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁၀၀၀၀၀ လောက်ဟာ ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပြဿနာတွေ အကြီးအကျယ် ကြုံတွေ့လာရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ပြောကြားခဲ့ပါတယ်။

Getty Images

နိုင်ငံတကာ အထောက်အပံ့တွေ ရပ်ဆိုင်းသွားခြင်းကြောင့် ထိုင်းနယ်စပ်မှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၁၀၀၀၀၀ လောက်ဟာ ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပြဿနာတွေ အကြီးအကျယ် ကြုံတွေ့လာရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ပြောကြားခဲ့ပါတယ်။

HRWက ထိုင်းအစိုးရ အနေနဲ့ အဲဒီ ဒုက္ခသည်တွေကို ဒုက္ခသည် စခန်းတွေရဲ့ အပြင်ထွက်ပြီး ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ပေးဖို့လည်း တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ အဲဒီ တောင်းဆိုမှုမျိုးကို ဒေသခံ လူမှုအခြေပြု အဖွဲ့အစည်းတွေကလည်း အဆိုပြုထားကြဖူးပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ရိက္ခာနဲ့ ကျန်းမာရေး ထောက်ပံ့မှုတွေကို The Border Consortium (TBC)နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC)တို့က အဓိက တာဝန်ယူနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အဖွဲ့အစည်း နှစ်ခုက အကူအညီ ပေးနေမှုတွေဟာ ဇူလိုင် ၃၁ ရက်နေ့မှာ ရပ်တန့်သွားခဲ့ပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင်သူ ၁၀၀၀၀၀ လောက်ကို အကြီးအကျယ် ထိခိုက်သက်ရောက်စေတာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ရဲ့ နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေ အများအပြားကို ဖြတ်တောက် လျှော့ချခဲ့ရာမှာ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေလည်း အကြီးအကျယ် သက်ရောက် ထိခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ အထောက်အပံ့တွေ ဖြတ်တောက်ခံလိုက်ရခြင်းဟာ ဒုက္ခသည် စခန်းတွေမှာ ငတ်မွတ်မှု ပြဿနာတွေ ပိုကြီးထွားလာနိုင်သလို မိသားစုတွေက ကလေးတွေကို ကျောင်းထုတ်လိုက်ရတာ၊ အကြွေးနွံနစ်တာ၊ အန္တရာယ် များလွန်းတဲ့ အလုပ်ခွင်တွေကို မလွဲမရှောင်သာ ရွေးချယ်ရတာမျိုး နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိလာနိုင်တယ်လို့လည်း HRWက ထောက်ပြခဲ့ပါတယ်။

ထိုင်းအစိုးရ အနေနဲ့ ဒုက္ခသည်တွေကို ပြည်တွင်းမှာ အလုပ်လုပ်ဖို့ တရားဝင် ခွင့်ပြုမှသာ ဒုက္ခသည်တွေက ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်ပြီး ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ HRWက ဆိုပါတယ်။ ပြီးတော့ ဒုက္ခသည်တွေထဲမှာ လုပ်အား၊ ကျွမ်းကျင်မှု အရည်အသွေးတွေ ပြည့်မီသူတွေ အများအပြား ပါဝင်တာကြောင့် ထိုင်းနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကိုလည်း တွန်းအား ဖြစ်စေမယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: HRW

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာသိမ်းမှု နဲ့ ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေအပေါ် ထိုင်းရဲတပ်ဖွဲ့က ဖိနှိပ်တာ၊ အမြတ်ထုတ်တာ၊ငွေညှစ်တာ၊ထင်သလိုဖမ်းဆီးတာတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကျားဖြန့်နှိမ်နင်းရေးတရုတ်ရဲ့အထူးအဖွဲ့တစ်ခုဟာ မြဝတီမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောက်ခံရေးသားတဲ့ ပို့စ်တွေကြောင့် Facebookမှာ လူသိများတဲ့ အမေရိကန် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် မြန်မာ အမျိုးသမီး တစ်ဦးဟာ ရွှေ့ပြောင်း မြန်မာ ဒုက္ခသည်တွေကို လက်တွေ့ အလုပ်မဖြစ်တဲ့ ရေနံမြေတွေ လိမ်လည် ရောင်းချခဲ့မှုအတွက် ဒေါ်လာ ၃.၂...

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၈၇၂ ဦးအဖမ်းခံရပြီး ဆေးရုံ၊ဆေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစင်တာပေါင်း ၂၆၃ ခုတိုက်ခိုက်ဖျက်ဆီးခံရကာ ၇၄ ဦးထက်မနည်းအသတ်ခံရ