close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၇)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

သြဂုတ် ၁၇၊ ၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၇)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသခံပြည်သူလူထုနဲ့ ပြည်သူ့အားမာန်သပိတ်မှ ရဲဘော်တွေက ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းမှစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၄)မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ယနေ့ (သြဂုတ် ၈) ကျရောက်တဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၄)မှာ "ငလျင်ဘေး အလှူငွေနဲ့ ပြည်သူကို ဗုံးကြဲနေတာရပ်" စာသားနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook