close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းကုန်ပစ္စည်းတွေအဓိကတင်သွင်းတဲ့ မြန်မာ-ထိုင်းအမှတ်(၂)တံတား စစ်ကောင်စီပိတ်

ထိုင်းကုန်ပစ္စည်းတွေ အဓိကတင်သွင်းတဲ့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်​ရေးတံတားကိုဒီမနက်(ဩဂုတ် ၁၈ရက်)နံနက်မှာစစ်ကောင်စီက ပိတ်လိုက်တယ်လို့မြဝတီမြို့ခံတွေကပြောပါတယ်။

မြဝတီ-မဲဆောက် အမှတ်(၂)တံတား၌ မြန်မာကားများ ဖြတ်သန်းနေစဉ်။ ဓာတ်ပုံ – Thai PBS

ဩဂုတ်−၁၈၊ ၂၀၂၅/People’s Spring

ထိုင်းကုန်ပစ္စည်းတွေ အဓိကတင်သွင်းတဲ့ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်​ရေးတံတားကိုဒီမနက်(ဩဂုတ် ၁၈ရက်)နံနက်မှာစစ်ကောင်စီက ပိတ်လိုက်တယ်လို့မြဝတီမြို့ခံတွေကပြောပါတယ်။

သွားတိုက်ဆေးနဲ့ ဆပ်ပြာတွေကစလို့ လူသုံးကုန်ပစ္စည်း ၃၅မျိုးကို ပြည်ပကနေတင်သွင်းခွင့် ပိတ်ပင်ကြောင်း သတင်းထွက်ပေါ်အပြီး တပတ်ခန့်အကြာမှာ ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေ အဓိကတင်သွင်းတဲ့ မြန်မာ−ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကို ဒီမနက်ကစပြီး စစ်ကောင်စီက ပိတ်လိုက်တာဖြစ်ပါတယ်။

“စကစဘက်က ပိတ်လိုက်တာ။ ကားတွေလည်း ပိတ်မိနေတယ်ကြားတယ်။ ဘာဖြစ်မလဲဆိုတော့ ပြည်သူတွေ ပစ္စည်းတွေ မသုံးကြနဲ့ပေါ့။ ပြည်တွင်းကျန်တဲ့ ပစ္စည်းလေးတွေပဲ သုံးပေါ့။ အဲဒီစိတ်ထားလေးပါပဲ”လို့ မြဝတီမြို့က ကုန်သည်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီမြို့ကို ကရင်နယ်ခြား​စောင့်တပ်(BGF) ​ခေါ် KNA က ထိန်းချုပ်ထား​ပေမယ့် စစ်တပ်ရဲ့ မြို့​စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅) မှာယခင်ကျန်​နေတဲ့စစ်သား​တွေရယ် ၊နယ်စပ်စခန်း​တွေအသိမ်းခံရပြီးထိုင်းနိုင်ငံဘက်ကိုထွက်​ပြေးခိုလှုံ့ခဲ့တာ​ကြောင့်ထိုင်းကပြန်ပို့ထားတဲ့ စစ်သား အင်အားရာနဲ့ချီပြီးရှိ​နေပါတယ် ။ဒါအပြင် မြဝတီမြို့​ပေါ်မှာ စစ်​ကောင်စီဝန်ထမ်း​တွေရှိ​ပြီး စစ်အုပ်ချုပ်​ရေးယန္တရားကိုလည်ပတ်​ပေးနေတာဖြစ်ပါတယ် ။

စစ်ကောင်စီဟာ ခြေညှပ်ဖိနပ်၊အမွှေးတိုင်၊ခေါက်ဆွဲ၊ကြာဇံ၊ချိုချဥ်၊ဘီစကစ်၊ပဲငံပြာရည်၊ဘထ္ထရီ၊ပရုတ်လုံး၊မီးလုံး၊တစ်ရှူး၊လူကြီး ဒိုက်ဘာ၊သွားတိုက်တံ၊သွားတိုက်ဆေး၊ဆပ်ပြာ၊တာယာနဲ့ ကျွတ်တွေ စတဲ့ပစ္စည်းတွေအပါအဝင် အမျိုးအမည် ၃၅မျိုးကို ပြည်ပကနေ တင်သွင်းခွင့်လည်း ပိတ်ထားတာ ဖြစ်ပါတယ်။

အခုတော့ ကုန်ပစ္စည်းတင်ဆောင်တဲ့ကားတွေ ဖြတ်သန်းတဲ့ အမှတ်(၂)တံတားကိုပါ ထပ်မံပိတ်လိုက်တာဖြစ်ပါတယ်။ဒီတံတားဟာ ၂၀၂၄ မတ်လကတော်လှန်​ရေးတပ်​တွေနဲ့ ခလရ(၂၇၅)ထဲက​နေ တံတား​ခြေရင်း​ပြေးပြီး ခံစစ်လုပ်ခဲ့တဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့တဲ့တံတားဖြစ်ပါတယ်။

ဒါ့အပြင် မြဝတီမြို့ကို စစ်ကောင်စီက စက်သုံးဆီတင်ပို့မှုကိုလည်းပိတ်ဆို့ထားလို့မြဝတီမြို့မှာ စက်သုံးဆီ ပြတ်လပ်နေပါတယ်။

စစ်ကောင်စီက ကရင်ပြည်နယ် ဘားအံမြို့ကနေ မြဝတီမြို့ဘက်သွားတဲ့ လမ်းပိုင်းကို စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတင်ကားတွေ သွားလာခွင့်ကို ဩဂုတ် ၁၃ရက်လောက်ကစပြီး ပိတ်ပင်လိုက်တာလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

တဖက်မှာစစ်​ကောင်စီက ​ကော့ကရိတ်မြို့ဘက်က​နေ အာရှလမ်းမကြီးအတိုင်း မြဝတီမြို့ကို စစ်​ကြောင်းထိုးဖို့ကြိုးစား​နေတာ​ကြောင့် ​ဒေါန​တောင်အ​နောက်ခြမ်းမှာ တိုက်ပွဲ​တွေပြင်းထန်​နေပါတယ် ။ဒါ​ပေမယ့် ​တော်လှန်​ရေးအဖွဲ့​တွေက အဆင့်ဆင့်ပိတ်ဆို့ဖြတ်​တောက်တိုက်ခိုက်​နေတာမို့​ရှေ့ကိုမတိုးနိုင်ပါဘူး။ဒါအပြင် KNLA ၊ PDF ၊ KNDO နဲ့ပူး​ပေါင်းတပ်​တွေက မြဝတီမြို့​တောင်ဘက်က သိမ်းဖို့ကျန်​နေတဲ့ ​ဝေါ​လေဗျူဟာကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်​နေပါတယ် ။ ​တော်လှန်​ရေးတပ်​တွေက မြန်မာ-ထိုင်း နယ်စပ်က စစ်စခန်း​တွေကို ဆက်တိုက်သိမ်း​နေတာမှာ တပ်မဟာ (၆)နယ်​မြေမှာ ​​ဝေါ​လေဗျူဟာ နဲ့ တိသဲလယ်ကာကင်းစခန်းတို့ပဲကျန်​တော့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook