close
Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်တွင် ပိတ်မိနေသည့်အရပ်သားများကို စစ်ကောင်စီသတ်ဖြတ်

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာ၊ရပ်ကွက်(၄)အတွင်း ဝင်ရောက်လာသည့်စစ်တပ်စစ်ကြောင်းက ဒေသခံများအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား၍ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ရွာကိုပိတ်ဆို့ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

နောင်ပိတ်ရွာကို စစ်တပ်က ဗုံးကြဲပြီး ​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့

သြဂုတ်-၂၄၊၂၀၂၅။လူအေး/People’s Spring

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာ၊ရပ်ကွက်(၄)အတွင်း ဝင်ရောက်လာသည့်စစ်တပ်စစ်ကြောင်းက ဒေသခံများအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား၍ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ရွာကိုပိတ်ဆို့ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

နောင်ပိန်တိုက်နယ်၊ရပ်ကွက်(၄)သို့ စစ်တပ်စစ်​ကြောင်းက ဩဂုတ်လ ၂၃ရက်နံနက်ပိုင်းတွင် ဝင်ရောက်လာပြီး ရွာအတွင်းပိတ်မိ​နေ​သောအရပ်သားများအားပစ်ခတ်သွားခြင်းဟု ဒေသခံအချို့ကပြောသည်။တိုက်ပွဲများစတင်ဖြစ်ပွားပြီး​နောက်​ဒေသခံများမှ ​ဘေးလွတ်မည်ထင်ရာသို့ထွက်​ပြေးကြ​သော်လည်း ပိတ်မိ​နေသူများလည်းရှိ​နေခြင်းဖြစ်သည်။

“ဒေသခံတွေကထွက်လို့အချိန်မမှီတော့စုပြီးနေကြတာ။စက်သေနတ်နဲ့ပတ်ပြီးပစ်တာပါ။ကလေးတွေလည်းဒဏ်ရာရတယ်။ထိခိုက်တာများတယ်။ အတည်ပြုထားနိုင်တာကတော့ ၃ ယောက်သေဆုံးတယ်။ ရွာကို ကယ်ဆယ်ရေးအဖွဲ့တွေကိုမဝင်ခိုင်းဘူးတပ်ကပိတ်ထားတယ်”ဟုနောင်ပိန်ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်စစ်ကောင်စီသည်နောင်ပိန်တိုက်နယ်အတွင်း TNLAတပ်ဖွဲ့ဝင်များ ယခင်ကလာရောက်ခဲ့ဖူးသည့်ရွာများကို စီနင်းတိုက်ခိုက်နေပြီး နေအိမ်များအားမီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။

“TNLA‌တွေ စျေးလာဝယ်ဖူးတဲ့ရွာကိုလေကြောင်းကနေလည်းပစ်တယ်။စစ်ကြောင်းလည်းထိုးတယ်။စစ်တိုက်နေတာ မဟုတ်ဘူး။ အရပ်သားတွေကိုသတ်နေတာ” ဟု နောင်ပိန်ဒေသခံတစ်ဦးကပြောသည်။

မြေပြင်စစ်ကြောင်း စီနင်းတိုက်ခိုက်နေသည့် ရပ်ကွက်(၄)အတွင်း ဒဏ်ရာရပြည်သူများသည်သြဂုတ်လ၂၄ရက်အထိ ထွက်ခွင့်မရသေးသလို ဆေးကုသခွင်လည်း မရပေ။ ဖုန်းလိုင်းအဆက်အသွယ်များပြတ်တောက်နေ၍ ၎င်းတို့၏အခြေအနေကိုအသေးစိတ်မသိရှိရကြောင်း အခြား​ဒေသသို့စစ်​ရှောင်နေသည့် နောင်ပိန်ဒေသခံတစ်ဦးကပြောသည်။

နောင်ပိန်တိုက်နယ်​ခေါ် ​နောင်ပိန်ရွာအတွင်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ၁၉ရက်နေ့မှစ၍ စစ်ကောင်စီက လေကြောင်းရောလက်နက်ကြီးပါအသုံးပြု၍ပစ်ခတ်ခဲ့ပြီးသြဂုတ်လ၂၄ရက်တွင်လည်း စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

မြေပြင်စစ်ကြောင်းမထိုးခင် ဩဂုတ်လ ၁၉ရက်မတိုင်ခင်ကလည်း လေကြောင်းနှင့်လက်နက်ကြီးမကြာခဏပစ်ခတ်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည်။ဩဂုတ်လ၂၀ရက်နေ့ကလေကြောင်း

တိုက်ခိုက်မှုသည် လူ​သေဆုံးထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီး နောင်ပိန်ရွာမှ ကလေးငယ်အချို့အပါအဝင် အရပ်သား၁၀ဦးထက်မနည်းသေဆုံးကာ ၄၀ နီးပါးဒဏ်ရာရခဲ့သည်။

ဩဂုတ်လ ၂၁ရက်၊၂၂ရက်နှင့် ၂၃ရက်ကလည်း Y12လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀နီးပါးကြဲခဲ့ပြီး ဂျက်ဖိုက်တာဖြင့်လည်းဗုံးကြဲ၍ အရပ်သားများ​သေဆုံးထိခိုက်မှုရှိခဲ့သည်။ လက်ရှိအခြေအနေတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းအခက်အခဲများကြောင့်အရပ်သားထိခိုက်မှုစာရင်းကို အသေးစိတ်အတည်မပြုနိုင်သေးပေ။

လတ်တလောအခြေအနေများကြောင့် နောင်ပိန်တိုက်နယ်အတွင်း ကျေးရွာပေါင်း၂၁ ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် ထွက်‌ပြေး တိမ်းရှောင်နေကြရသည်။ စစ်ကောင်စီမြေပြင်စစ်ကြောင်းများရှိနေခြင်းနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းတို့ကြောင့် ကူညီကယ်ဆယ်ရေး နှောင့်နှေးနေကြောင်း လူမှုကူညီ ရေးအဖွဲ့များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံ ဗုံးကြဲနေပြီး အရပ်သားများကိုပစ်မှတ်ထား၍ဗုံးကြဲ​နေ​သောကြောင့် ကူညီကယ်ဆယ်ရေးအခက်အခဲကြုံတွေ့နေကာ ကျေးရွာပေါင်း၂၁ ရွာမှ ဒေသခံ ၁၀၀၀၀ ကျော် ထွက်‌ပြေးတိမ်းရှောင်​နေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သတင်း

TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်ကျောက်မဲမြို့နယ်၊နောင်ပိန်တိုက်နယ်အတွင်းသို့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး TNLA၊PDF ပူးပေါင်းတပ်များနှင့်တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်သတိပြုနေရသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ သီပေါမြို့နှင့် နောင်ပိန်ရွာတွင် ရေဘေးကြုံတွေ့နေသည်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်ကျော်အကြာ အခုဇွန်လအတွင်းမှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ပုဂံ၊ညောင်ဦးဒေသမှာ တိုက်ပွဲအချို့ဖြစ်နေပြီး စစ်တပ်က ဒေသတစ်ခုလုံးနီးပါးကို တင့်ကားတွေသုံးပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ စစ်ဘေးရှောင်နေရပါတယ်။