close
Connect with us

Hi, what are you looking for?

သတင်း

ရေဖြူ ဆယ်အိမ်စုရွာအနီး စစ်ကောင်စီနှင့်တိုက်ပွဲ မွန်တပ် RMA မှ ရဲဘော် ၁ဦး ကျဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် သြဂုတ် ၂၈ရက်က သုံးနာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်ရှိခဲ့ဟု ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားသည်။

NMSP-AD/RMA တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - RMA

ဩဂုတ်-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် သြဂုတ် ၂၈ရက်က သုံးနာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်ရှိခဲ့ဟု ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားသည်။

ဆယ်အိမ်စုရွာအနီးသို့ စစ်ကောင်စီက ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ဟု အသိပေးပြီး ရာမညမွန်တပ်‌တော်(RMA) မှ ရဲဘော် (၁)ဦး ကျဆုံးကာ မဟာမိတ်ပူးပေါင်းတပ်ဖွဲများမှ ရဲဘော် (၃) ဦးဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

ရေဖြူဒေသ၌ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲများအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်းလည်း RMAက အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့သည့် အချိန်မှစ၍ ဩဂုတ် ၂၈ရက်နေ့အတွင်း တော်လှန်ရေးပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခန့်မှန်းခြေ (၃၄) ဦး သေဆုံးခဲ့ပြီး (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်သည် အမှတ်(၈) ပြည်ထောင်စုလမ်းကို ပြန်လည်ထိန်းချုပ်စိုးမိုးရန် စစ်ကြောင်းထိုးလာ၍ ရေဖြူမြို့နယ်အတွင်းတိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပါဝင်သည့် PDFဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောထားသည်။

ရေဖြူမြို့နယ် ကော့လှိုင်ရွာ၊ မရမ်းချောင်းရွာ၊ သာယာမွန်ရွာ စသည့် နေရာအနီးဝန်းကျင်၌ ပြီးခဲ့သည့် တပတ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ကို မွန်တပ် RMA၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ နည်းဗျူဟာ (၃၃) ၊ ရေးဘီးလူးတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရေးသိမ်းငှက်၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကြယ်လင်းရောင် (ဆာကပေါ)တပ်ရင်း KTLA တို့ ပူးပေါင်းပြီးတိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိ ဒေသတွင်း စစ်ရေးအခြေအနေများကို RMAတာဝန်ရှိသူနှင့် ဗျူဟာ(၃၃) စစ်ဆင်ရေးမှူးတို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနသ်ာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ စစ်တပ်က ရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

တနင်္သာရိတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ(၄၀၇) တပ်ရင်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA)က ဒီကနေ့(သြဂုတ် ၇ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့တနင်္သာရီတိုင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂)မှာ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်း၊ မကွေးနှင့် တင်္နသာရီတိုင်းတို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ပြီး ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

Facebook