close
Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသကို စစ်တပ်ကဗုံးကြဲလို့အမျိုးသမီး ၃ ဦးသေဆုံး၊အများအပြားဒဏ်ရာရ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ၊ဒဏ်ရာရသူများအားတွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo

သြဂုတ်-၃၁၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့အမျိုးသမီးကြီး ၃ ဦးသေဆုံးခဲ့ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ရေစကြို ရေလယ်ကျွန်းဒေသက ငတရော်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။​ဒေသခံပြည်သူ အမျိုးသမီး ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းများပြားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ တိုက်ပွဲမရှိဘဲအကြောင်းမဲ့သက်သက်လာပြီးတိုက်ခိုက်သွားတာပါ”လို့ ရေစကြိုပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကော်မတီရဲ့ထုတ်ပြန်တဲ့ဓာတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူ ၃ ဦးဟာ အမျိုးသမီးတွေချည့်ဖြစ်ပြီး သက်ကြီးရွယ်အိုတွေပါ ပါဝင်တာကိုတွေ့ရပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာလည်းဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးစိုးရိမ်ရသူတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာပြည်သူတွေဦးတည်ပြီးလေကြောင်းက​နေဗုံးကြဲသတ်ဖြတ်မှု​တွေ ပိုလုပ်လာ​နေပြီးဩဂုတ် ၂၄ ရက်ညကလည်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၁ ဦးထက်မနည်းဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊လမြန်ဒေသ၌ အာဏာသိမ်းစစ်ကောင်စီတပ်က ထိုးစစ်ဆင် လာ၍ တကျော့ပြန်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒေသတွင်းသို့ လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဩဂုတ် ၃၀ရက်) ညတွင် သတင်းဖော်ပြသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့နယ်ရှိ မိုင်းလုံမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးများကြဲတိုက်ခိုက်ရာ သီလရှင် တပါးနဲ့ အမျိုးသမီး တဦး သေဆုံးခဲ့ပြီး သံဃာတော် (၂)ပါး၊ ကိုရင်(၃)ပါးနဲ့ အမျိုးသား တဦးတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ယီမင်အခြေစိုက် ဟိုသီပြောက်ကျားတွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တစ်ဖွဲ့လုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရုံးပင်ကုန်း ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook