close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ ၉ နိုင်ငံက ပရိသတ်နှစ်သောင်းကျော်ကို ပြသနိုင်ခဲ့တဲ့ “What Happened to the Wolf?”

“What Happened to the Wolf?” ရုပ်ရှင်ကို နိုင်ငံ ၉ နိုင်ငံက ပရိသတ် နှစ်သောင်းကျော်ကို ပြသနိုင်ခဲ့ပြီး 24FM ကနေ မကြာခင်ပြသဖို့ စီစဉ်ထားတယ်လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

စက်တင်ဘာ-၁၄၊၂၀၂၅။ဆဏ်း/People’s Spring

“What Happened to the Wolf?” ရုပ်ရှင်ကို နိုင်ငံ ၉ နိုင်ငံက ပရိသတ် နှစ်သောင်းကျော်ကို ပြသနိုင်ခဲ့ပြီး 24FM ကနေ မကြာခင်ပြသဖို့ စီစဉ်ထားတယ်လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။

“ဒါဟာ ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတဲ့ ပြည်သူကပေးတဲ့ လက် ဆောင်ပါ။” လို့ ပရိသတ်အားပေးမှူ ရရှိတဲ့အပေါ် ဒါရိုက်တာဏကြီးက ပြောပါတယ်။

ဒီရုပ်ရှင်ကို နိုင်ငံ ၉ နိုင်ငံက မြို့ ၃၈ မြို့မှာ ပြသခဲ့တာဖြစ်ပြီး ပရိသတ်ပေါင်း ၂၁၀၀၀ ကျော်ကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပရိသတ်တွေရဲ့ အားပေးမှူကြောင့် ဝမ်းသာဂုဏ်ယူရသလို မြန်မာပြည်ကနေ တိမ်းရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာအလုပ်ဆက်လုပ်နိုင်တယ်ဆိုတာကိုလည်း သက်သေပြနိုင်တာလို့ ဒါရိုက်တာ ဏကြီးကပြောပါတယ်။

“စစ်အာဏာရှင်ဟာ တော်လှန်အနုပညာရှင်တွေရဲ့ အသံတွေပျောက်ကွယ်သွားအောင် ၅၀၅ (က) လို ပုဒ်မတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်၊ ဖမ်းဆီးခဲ့တယ်။ တကယ်လည်း ပြည်တွင်းမှာ ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကို ပိတ်ပင်တားမြစ်ခဲ့၊ တားမြစ်ဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ အသံတွေ တိတ်ဆိတ်သွားစေဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အသံတွေ ပိုကျယ်လောင်လာဖို့ လိုအပ်ပါတယ်။” လို့ ဒါရိုက်တာဏကြီးက သူ့ခံယူချက်ကိုပြောပါတယ်။

အဲဒါကြောင့် လွတ်လပ်တဲ့ အသံတွေ ၊ ဖန်တီးမှုတွေ အတွက် 24FM Platform ကစတင်နေတာဖြစ်ပြီး “What Happened to the Wolf?”ကိုလည်း မကြာခင် ပြသသွားမယ်လို့ သတင်းစကားပါးပါတယ်။

“What Happened to the Wolf?” ရုပ်ရှင်ကို ရုံတင်ဇာတ်ကားအနေနဲ့ စက်တင်ဘာ ၂၁ ရက် ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ နောက်ဆုံးပြသမှာဖြစ်ပါတယ်။

“စင်္ကာပူကနေ စတင်လာခဲ့တဲ့ ခရီးက ကိုးရီးယားနိုင်ငံ မှာ အဆုံးသတ်တော့မှာပါ။ တခဲနက်အားပေးခဲ့ကြလို့လည်း ကျေးဇူးအထူးတင်ပါတယ်” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

တခြားနိုင်ငံက ပရိသတ်တွေက ရုံတင်ဖို့ တောင်းဆိုခဲ့ကြပေမယ့် ဆင်ဆာတင်ရတဲ့ အခက်အခဲ ၊ အချိန်အခက်အခဲကြောင့် ဆက်ပြီး မပြနိုင်တော့တာလို့ ဆိုပါတယ်။

“သေစေချင်နေတဲ့ အချိန်မှာ မသေအောင်နေရတာလည်း တော်လှန်တာပါပဲ။ကျွန်တော်တို့ Industry သေးသေးလေး တစ်ခုဖြစ်လာဖို့ ကြိုးစားနေပါတယ်။ Industry သေးသေးလေးလို့ ပြောရတာတောင် ကျွန်တော်တို့အတွက် တော်တော်လေး ကြီးမားပါတယ်။ ကင်မရာနောက်က Camera Crew, Lighting Crew, Production Crew, Audio Technician, Gaffer စတဲ့သူအားလုံးရဲ့ ရပ်တည်နိုင်ရေးအတွက်ပါ ရည်ရွယ်တဲ့ အတွက် Industry သေးသေးလေးအထိ လောဘကြီးရပါတယ်။” လို့ ဒါရိုက်တာဏကြီးက ရင်ဖွင့်ထားပါတယ်။

24FM က တိမ်းရှောင်လာရတဲ့ အနုပညာသမားတွေ အတွက် အသက်သွေးကြောနဲ့ စစ်မျက်နှာတစ်ခုဖြစ်ပြီး စစ်အာဏာရှင်နဲ့ ဆက်စပ်ပတ်သက်ခဲ့သူတွေကလွဲလို့ တိမ်းရှောင်လာရတဲ့ မည်သူ့အတွက်မဆို ကန့်သတ်မှုမရှိတဲ့၊ လွတ်လပ်တဲ့ ဖန်းတီးခွင့်နဲ့ ရှေ့ဆက်ရပ်တည်ရေးအခွင့်အလမ််း ရရှိစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“အားလုံးကိုလည်း ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။” လို့ ဒါရိုက်တာဏကြီးက ဖိတ်ခေါ်ထားပါတယ်။

24FM ဝက်ဆိုဒ်ကနေ လက်ရှိမှာတော့ Artist’s Shelter ကရိုက်ကူးထားတဲ့ ဇာတ်ကားတွေအပါအဝင် လူငယ်တွေ ဖန်တီးထားတဲ့ ဇာတ်ကားတွေကို လက်မှတ်စနစ်နဲ့ ကြည့်ရှုနိုင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံမှာ ပထမဆုံးပြမယ့် ရုပ်ရှင်ပွဲစဉ် ၃ ပွဲအတွက် လက်မှတ်အားလုံးကုန်သွားပြီဖြစ်ပြီး လက်မှတ်ဝယ်ယူရာမှာ အဆင်မပြေမှုတွေ ကြုံခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း What Happened to The Wolf ပေ့ခ်ျမှာ အသိပေးထားပါတယ်။

သတင်း

“What happened to the wolf?”ရုပ်ရှင်ကို ဇူလိုင် ၁၉ ရက်မှာ ထိုင်းနိုင်ငံရဲ့ မြို့ သုံးမြို့ မှာ တပြိုင်တည်း ပြသသွားဖို့ရှိပါတယ်။

သတင်း

စင်ကာပူနိုင်ငံမှာ ရုံတင်ပြသတဲ့“What happened to the wolf” ရုပ်ရှင်ကို ပရိသတ်တွေ ရုံအပြည့် လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောပါတယ်။

သတင်း

ဒါရိုက်တာဏကြီးရိုက်ကူးထားတဲ့ What Happened To The Wolf? ရုပ်ရှင်ကို ဇွန်လအတွင်းမှာ နိုင်ငံသုံးနိုင်ငံမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။