close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် လုပ်ကြံခံရတဲ့ ဖြစ်ရပ်ကို ဆန်းဒါးစ် ရှုတ်ချ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် ချာလီကာ့ခ် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် အမတ် ဘာနေ ဆန်းဒါးစ်က သူ့သဘောထား အမြင်ကို ထုတ်ပြောရာမှာ နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှုတွေကို အပြင်းအထန် ရှုတ်ချသွားခဲ့ပါတယ်။

ဓာတ်ပုံ - Sen. Bernie Sanders/X

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် ချာလီကာ့ခ် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် အမတ် ဘာနေ ဆန်းဒါးစ်က သူ့သဘောထား အမြင်ကို ထုတ်ပြောရာမှာ နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှုတွေကို အပြင်းအထန် ရှုတ်ချသွားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကာ့ခ်ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ ရေဒီယို podcast အစီအစဉ်မှူး တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကြိုကာလ ထရမ့်ရဲ့ မဲဆွယ်မှုတွေမှာ လူငယ်တွေရဲ့ အားပေး ထောက်ခံမှု ရရှိအောင် အများကြီး ကူညီခဲ့သူပါ။ သူဟာ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက ယူတားပြည်နယ်မှာရှိတဲ့ တက္ကသိုလ် တစ်ခုထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့ စကားစစ်ထိုးတဲ့ အစီအစဉ် တစ်ခုမှာ ပါဝင်နေရင်း သေနတ်သမား တစ်ဦးရဲ့ ချောင်းမြောင်းပစ်ခတ် လုပ်ကြံမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ကာ့ခ်ကို လုပ်ကြံခဲ့တဲ့ လူငယ်ကတော့ နောက်ပိုင်းမှာ ရဲတွေဆီ ဆက်သွယ်ပြီး အဖမ်းခံခဲ့ပါတယ်။ မိသားစုရဲ့ အဆိုအရ အဲဒီ လူငယ်ဟာ ကာ့ခ်က အမုန်းစကားတွေ ဖြန့်ဝေတဲ့ သူတစ်ဦးအဖြစ် ရှုမြင်ထားကြောင်း သိရပါတယ်။

ဆန်းဒါးစ်ဟာ ဗားမောင့်ပြည်နယ် ကိုယ်စားပြု တစ်သီးပုဂ္ဂလ အမတ်တစ်ဦး ဖြစ်ပြီး ဒီမိုကရက်တစ် ပါတီနဲ့တော့ ပိုပြီး နီးစပ်တဲ့ သဘောထား အမြင်မျိုး ရှိပါတယ်။ ဒါပေမဲ့လည်း ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်တဲ့ ကာ့ခ်အတွက်တော့ အလေးအနက် ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကာ့ခ်နဲ့ ပတ်သက်ပြီး သူဟာ သဘောထားရေးရာ အမြင်မတူတာတွေ အများကြီး ရှိကြောင်း၊ ဒါပေမဲ့ ကာ့ခ်ဟာ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဆက်သွယ်ဆွေးနွေးသူ၊ စည်းရုံးရေးမှူး တစ်ဦးဆိုတာ အမြဲတမ်း အသိအမှတ် ပြုခဲ့ကြောင်း၊ ကာ့ခ်ဟာ လူအများရှေ့မှောက် ထွက်လာပြီး လူတွေနဲ့ ထိတွေ့ဖို့ ဘယ်တုန်းကမှ နောက်မတွန့်ခဲ့ကြောင်း၊ သူကွယ်လွန်သွားတဲ့အတွက် သူ့ဇနီး၊ သူ့မိသားစုကို စာနာပြီး အထူးဝမ်းနည်းမိကြောင်း ဆန်းဒါးစ်က ဆိုပါတယ်။

ဆန်းဒါးစ်က လွတ်လပ်မှုနဲ့ ဒီမိုကရေစီဆိုတာ နိုင်ငံရေး အကြမ်းဖက်ဝါဒနဲ့ နည်းနည်းလေးမှ ဆက်စပ်မှု မရှိကြောင်း၊ အဲဒီ စံတန်ဖိုးတွေထဲမှာ ပြည်သူ့ရေးရာ အရာရှိတွေကို လုပ်ကြံဖို့ ဆိုတာလည်း မပါကြောင်း၊ ကိစ္စရပ် တစ်ခုခုကို ထုတ်ပြောတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ယောက်ကို ရန်လို ဖိနှိပ်တဲ့နည်းနဲ့ တုံ့ပြန်ခွင့် မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သူက ကာ့ခ်ကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်ဟာ နိုင်ငံရေး အကြမ်းဖက်မှုတွေ အန္တရာယ် ရှိလောက်အောင် မြင့်တက်လာနေတာကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့ပြီး နိုင်ငံရေးမှာ ပြည်သူတွေ မပါဝင်လာရဲအောင်၊ ပြည်သူတွေရဲ့ အသက်ကို ထိပါးလောက်အောင် ခြိမ်းခြောက်လာတာ ဖြစ်တယ်လို့လည်း ရှုတ်ချသွားပါတယ်။

နိုင်ငံရေးအရ အကြမ်းဖက်တယ် ဆိုတာဟာ နိုင်ငံရေးအရ သူရဲဘောကြောင်တာပဲ ဖြစ်ကြောင်း၊ ဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ နိုင်ငံရေး အယူအဆက မှန်ကန်ပါတယ်လို့ ပြည်သူလူထုဆီ သက်သေပြနိုင်မှာ မဟုတ်ဘဲ အကြောက်တရားနဲ့ အယူဝါဒ သွတ်သွင်းတဲ့ သဘောသာ ဖြစ်ကြောင်း ဆန်းဒါးစ်က ဆိုပါတယ်။

ကာ့ခ်ကို လုပ်ကြံခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် ယူတားဒေသခံ လူငယ် တိုင်လာဂျိမ်းစ် ရော်ဘင်ဆင်ကို မိသားစုက ဆက်သွယ် သတင်းပေးလာမှုနဲ့အတူ ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ ရဲတွေက အတည်ပြုခဲ့ပါတယ်။ ထရမ့်က လုပ်ကြံမှု ကျူးလွန်သူဟာ သေဒဏ်တောင် ချမှတ်ခံရထိုက်တယ်လို့ ပြောကြားထားသလို ကာ့ခ်ကိုလည်း အမေရိကန်မှာ အရပ်သားတွေကို ပေးအပ်တဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ လွတ်လပ်ရေး ဆုတံဆိပ် အပ်နှင်းသွားမယ်လို့လည်း ပြောကြားထားပါတယ်။

ကိုးကား: Common Dreams

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ် တစ်ဦးကို ပစ်ခတ် လုပ်ကြံမှုအပြီး ကျူးလွန်သူက မိသားစုဆီ ထုတ်ဝန်ခံပြီး အာဏာပိုင်တွေဆီ ဆက်သွယ် အဖမ်းခံခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးကို လုပ်ကြံခဲ့တဲ့ သေနတ်သမားလို့ ယူဆရသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို ရန်လို တိုက်ခိုက်တဲ့သူ မှန်သမျှကို ကမ္ဘာဆုံးတဲ့ထိ လိုက်လံ ချေမှုန်းသွားမှာ ဖြစ်တယ်လို့ 9/11 နှစ်ပတ်လည် မိန့်ခွန်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံက Hyundai ကားစက်ရုံထဲမှာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ နိုင်ငံသားတွေကို လက်ထိတ်မခတ်ဘဲ ပြန်လည် ခေါ်ဆောင်ခွင့်ပြုဖို့ တောင်ကိုရီးယား အစိုးရက ညှိနှိုင်းနေပါတယ်။